ရန်ကုန်တွင် ဇီကာရောဂါဖြစ်နေသည့် နိုင်ငံခြားသူတွေ့ရှိ

ရန်ကုန်တွင် ဇီကာရောဂါဖြစ်နေသည့် နိုင်ငံခြားသူတွေ့ရှိ

ရန်ကုန်မြို့တွင် ဇီကာရောဂါလက္ခဏာသံသယရှိသည့် နိုင်ငံခြားသူတစ်ဦးကို တွေ့ရှိခဲ့ပြီး ၎င်းကို ဓါတ်ခွဲစမ်း သပ်မှုများပြုလုပ်ပြီးနောက် အတည် ပြုနိုင်ခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန၏ MOI ဝက်ဆိုက်တွင် သတင်းရေးသားထားသည်။ 

အဆိုပါ ဇီကာရောဂါလက္ခဏာသံသယရှိသူ အသက် ၃၂ နှစ်အရွယ် ရှိ နိုင်ငံခြားသူ ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးကို အောက်တိုဘာ ၂၇ရက်တွင် ရန်ကုန်မြို့ အတွင်း၌ တွေ့ရှိခဲ့သဖြင့် လိုအပ်သောဓါတ်ခွဲစမ်းသပ်မှုများဆောင်ရွက်ခဲ့ရာ ဇီကာရောဂါ ဖြစ်ပွားလျှက်ရှိကြောင်း အတည်ပြုနိုင်ခဲ့ခြင်းဖြစ်သည်။

ထို့ကြောင့် ဇီကာရောဂါနှင့်ပတ်သက်ပြီး လိုအပ်သော ကာကွယ် ထိန်းချုပ် နှိမ်နှင်းရေးလုပ်ငန်းများကို တာဝန်ရှိသူများက အထူးအလေးထား ဆောင်ရွက်လျှက်ရှိကြောင်း ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ ကနဦးသတင်းရရှိသည်။

Ref: MOI

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly