နှစ်လေးဆယ်အတွင်း ကမ္ဘာ့တောရိုင်း တိရစ္ဆာန်အရေအတွက် ၅၈ ရာခိုင်နှုန်း ကျဆင်း

နှစ်လေးဆယ်အတွင်း ကမ္ဘာ့တောရိုင်း တိရစ္ဆာန်အရေအတွက် ၅၈ ရာခိုင်နှုန်း ကျဆင်း

လန်ဒန်၊ အောက်တိုဘာ ၂၇ ။                     ။ ကမ္ဘာ့တောရိုင်း တိရစ္ဆာန်အရေအတွက်သည် ၁၉၇၀ မှစပြီး ၅၈ ရာခိုင်နှုန်း ကျဆင်းကြောင်း အစီရင်ခံစာ တစ်ရပ်က ပြောသည်။ အဆိုပါ အခြေအနေတိုင်း ဆက်လက်သွားပါက ၂၀၂၀ မကုန်မီ ကျောရိုးရှိတိရစ္ဆာန်များ သုံးပုံနှစ်ပုံအထိ လျော့နည်း ကျဆင်းသွားနိုင်ကြောင်း Zoological Society of London ZSL မှ အစီရင်ခံစာက ဖော်ပြသည်။

အင်းအိုင်၊ မြစ်ချောင်းများတွင် ကျက်စားရှင်သန်သည့် တိရစ္ဆာန်များတွင်လည်း အကြီးဆုံးဆုံးရှုံးလျော့ပါးမှုများ ကြုံတွေ့နေကြောင်း ယင်းအစီရင်ခံစာ၌ ဖော်ပြသည်။

ကျင်လည်ကျက်စားရာ အသိုက်အမြုံပျောက်ဆုံးခြင်း၊ တောရိုင်းတိရစ္ဆာန်ကုန်သွယ်မှု၊ လေထုညစ်ညမ်းခြင်းနှင့် ရာသီဥတုပြောင်းလဲမှုများ အပါအဝင် လူတို့၏ လုပ်ဆောင်မှုများက တောရိုင်းတိရစ္ဆာန် အရေအတွက်ကို လျော့နည်းကျဆင်းစေသည်။

“ဒီလို လူတို့လုပ်ဆောင်ချက်တွေကြောင့် တောရိုင်းတိရစ္ဆာန် အရေအတွက် ဆက်လက်ကျဆင်းနေဦးမှာပါပဲ။ ဒါပေမယ့် ဒါကို ရပ်တန့်ပစ်ဖို့ အချိန်ရောက်နေပါတယ်။

တောရိုင်းတိရစ္ဆာန်တွေ လျော့ပါးစေတဲ့ အကြောင်းရင်းခံ ကိုလည်း ကျွန်တော်တို့သိနေပြီ။ ဒါကို တားဆီးဖို့က အချိန်ကျနေပြီ။”ဟု သုတေသနအစီရင်ခံစာတွင် ဦးဆောင်သူ ဒေါက်တာ မိုက်ဘားရက်က ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required