လန်ဒန် ဟီသရိုးလေဆိပ် တိုးချဲ့မည့် အစီအစဉ် ဗြိတိန်အစိုးရ အတည်ပြုပေး

လန်ဒန် ဟီသရိုးလေဆိပ် တိုးချဲ့မည့် အစီအစဉ် ဗြိတိန်အစိုးရ အတည်ပြုပေး
ဓာတ်ပုံ-EFE EPA

အောက်တိုဘာ ၂၆ ။           ။ လန်ဒန်မြို့ရှိ ဟီသရိုးလေဆိပ် တတိယမြောက်လေယာဉ်ပြေးလမ်း တည်ဆောက်ရေးကိစ္စကို ယခုအခါ အစိုးရက ခွင့်ပြုပေးလိုက်ပြီဖြစ်ကြောင်း ဗြိတိန် ပို့ဆောင်ရေးဝန်ကြီးက ပြောသည်။

လန်ဒန်အနောက်ပိုင်းရှိ ယင်းလေဆိပ်တိုးချဲ့မှုက လေဆိပ်တစ်ခု၏ ဝင်ဆံ့နိုင်စွမ်းကို တိုးမြင့်စေနိုင်ရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း ပို့ဆောင်ရေးဝန်ကြီး ခရစ် ဂရေးလင်းက ပြောသည်။ ဗြိတိန်အနေဖြင့် ကမ္ဘာ့လေကြောင်းဈေးကွက်အတွင်း နေရာတစ်နေရာ အခိုင်အမာရှိနေကြောင်းကို သေချာစေရန် ယခု လေဆိပ်တိုးချဲ့မည့် ဆုံးဖြတ်ချက်ကို ချမှတ်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ပြောသွားသည်။

လေဆိပ်အတွင်း တတိယပြေးလမ်းတစ်ခု တည်ဆောက်ခြင်းနှင့် ဆဌမမြောက် ဆိုက်ရောက်နားနေဆောင် တည်ဆောက်မည့်အစီအစဉ်တို့ကြောင့် များမကြာမီကာလအတွင်း အလုပ်အကိုင်အခွင့်အလမ်းများကိုလည်း ဖန်တီးပေးနိုင်မည်ဖြစ်ကြောင်း ၎င်းကပင် ထပ်လောင်းပြောကြားသွားသည်။

တစ်ဘက်တွင်လည်း ယခုကဲ့သို့ ဟီသရိုးလေဆိပ်တိုးချဲ့မည့်အစီအစဉ်အပေါ် လေဆိပ်အနီးအနား နေထိုင်သူများနှင့် နိုင်ငံရေးသမားအချို့က ကန့်ကွက်မှုများ ပြုလုပ်သွားခဲ့ကြသည်။

ယင်းကိစ္စအပေါ် ကန့်ကွက်ဆန္ဒပြသူ လူအုပ်စုတစ်စုသည် အောက်တိုဘာ ၂၅ ရက်က ပါလီမန်အဆောက်အအုံအပြင်ဘက်တွင် စုဝေးခဲ့ကြပြီး လေဆိပ်တိုးချဲ့မည့်အစီအစဉ်အပေါ် ကန့်ကွက်ခဲ့ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required