ကမ်မရွန်းတွင် ခရီးသည်တင်ရထား လမ်းချော်မှု၌ လူ ၅၀ ကျော်သေဆုံး

ကမ်မရွန်းတွင် ခရီးသည်တင်ရထား လမ်းချော်မှု၌ လူ ၅၀ ကျော်သေဆုံး

ရာအွန်ဒီ၊ အောက်တိုဘာ ၂၂ ။                                 ။ ကမ်မရွန်းတွင် ခရီးသည်တင်ရထားတစ်စီး လမ်းချော်၍ လူပေါင်း ၅၃ ဦးသေဆုံးကြောင်း နိုင်ငံ၏ ပို့ဆောင်ရေးဝန်ကြီးက ပြောသည်။ ရာအွန်ဒီနှင့်   ဒေါအူလာမြို့တို့အကြား ပြေးဆွဲသည့် ခရီးသည်တင်ရထားက အီဆစ်ကာမြို့အနီး ပြေးလမ်းချော်တိမ်းမှောက်ခြင်းဖြစ်သည်။

ခရီးသည်ပုံမှန် ၆၀၀ ရှိရမည့်အစား ယင်းရထားပေါ်၌ ခရီးသည် ၁၃၀၀ လိုက်ပါစီးနင်းကြောင်း အေပီသတင်းက ဖော်ပြသည်။

ကမ်မရွန်းတွင် မိုးသည်းထန်စွာရွာသွန်းမှု၌ မြေပြိုမှုများဖြစ်ပွားခြင်းကြောင့် ကားလမ်းများပိတ်နေ၍ ရထားများ ပုံမှန်ထက် လူပိုစီးနင်းခြင်းဖြစ်သည်။

ရထားလမ်းချော်တိမ်းမှောက်မှုအတွင်း လူပေါင်း ၃၀၀ နီးပါး ဒဏ်ရာရရှိကြောင်း၊ သေဆုံးသူဦးရေ တိုးလာနိုင်ကြောင်း ပို့ဆောင်ရေးဝန်ကြီး အယ်လာအန်မီဘီက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required