၂၀၁၇ အာရှ ယူ ၁၉ အမျိုးသမီး ချန်ပီယံရှစ် ခြေစစ်ပွဲ ရန်ကုန်မြို့တွင် ကျင်းပမည်

၂၀၁၇ အာရှ ယူ ၁၉ အမျိုးသမီး ချန်ပီယံရှစ် ခြေစစ်ပွဲ ရန်ကုန်မြို့တွင် ကျင်းပမည်
(ဓာတ်ပုံ - MFF)

အာရှဘောလုံးအဖွဲ့ချုပ်မှ ကြီးမှူးကျင်းပမယ့် ၂၀၁၇ခုနှစ် အာရှ အသက် ၁၉နှစ်အောက် အမျိုးသမီး ဘောလုံးပြိုင်ပွဲ အကြိုခြေစစ်ပွဲ အုပ်စု (ဂ) ပွဲစဉ်များကို မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပသွားမှာဖြစ်တယ်လို့ သိရပါတယ်။

အဆိုပါ ပြိုင်ပွဲကို နိုဝင်ဘာလ ၂ ရက်နေ့မှ ၆ ရက်နေ့အထိ ထိုင်းနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပရန် မူလက သတ်မှတ်ထားပေမယ့် ထိုင်းဘုရင်မင်းမြတ် ဘူမိဘော နတ်ရွာစံတာကြောင့် ထိုင်းနိုင်ငံအနေနဲ့ အိမ်ရှင်အဖြစ် လက်ခံမကျင်းပနိုင်တော့တာဖြစ်ပါတယ်။

ဒါ့ကြောင့် မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကာ ရန်ကုန်မြို့၊ သုဝဏ္ဏဘောလုံးကွင်းတွင် လာမယ့် ဒီဇင်ဘာလ ၂၀ ရက်နေ့မှ ၂၄ရက်နေ့အထိ ကျင်းပသွားမှာဖြစ်ပါတယ်။

အဆိုပါ ခြေစစ်ပွဲ အုပ်စု (ဂ)တွင် မြန်မာအသင်းနှင့်အတူ ထိုင်း၊ ပါလက်စတိုင်း၊ ကာဂျစ္စတန် အစရှိတဲ့ အသင်းများ ပါဝင်နေပါတယ်။

Source: Myanmar Football Federation

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required