ဂျာကာတာ တိုက်ခိုက်မှုတွင် ပါ၀င်ခဲ့သည့် အင်ဒိုအမျိုးသားတစ်ဦးကို ထောင်ဆယ်နှစ်ချ

ဂျာကာတာ တိုက်ခိုက်မှုတွင် ပါ၀င်ခဲ့သည့် အင်ဒိုအမျိုးသားတစ်ဦးကို ထောင်ဆယ်နှစ်ချ
Photo - EFE EPA

အောက်တိုဘာ ၂၀ ။                 ။ ဇန်နဝါရီလ ၁၄ ရက်က အင်ဒိုနီးရှား၏ ဂျာကာတာမြို့လယ်တွင် ဖြစ်ပွားခဲ့သည့် လူသေဆုံးစေခဲ့သော ဗုံးဖောက်ခွဲမှု၊ ပစ်ခတ်တိုက်ခိုက်မှု ဖြစ်စဉ်များနှင့် ဆက်စပ်နေသူ အမျိုးသားတစ်ဦးကို အောက်တိုဘာ ၂၀ ရက်တွင် တရားရုံးက ထောင်ဒဏ် ၁၀ နှစ် ချမှတ်လိုက်သည်။

အသက် ၂၃ နှစ်ရှိ ဒိုဒီ ဆူရီဒီ အမည်ရ အင်ဒိုအမျိုးသားမှာ ဆာရီနာ ဈေးဝယ်စင်တာအနီး ပေါက်ကွဲခဲ့သော ဗုံးများအတွက် ပြင်ဆင်ပေးခဲ့သူဖြစ်ကြောင်း တရားသူကြီးများက စစ်ဆေးတွေ့ရှိခဲ့သည်ဟု သိရသည်။

ယခုအခါ ယင်းအကြမ်းဖက်မှု ဖြစ်စဉ်အတွင်း ၎င်းပါဝင် ပတ်သက်ခဲ့ကြောင်း ထင်ရှားသဖြင့် တရားရုံးက ၎င်းအား ထောင်ဆယ်နှစ် ကျခံစေရန် ဆုံးဖြတ်ပေးခဲ့သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required