တျန်အန်းမင်နောက်ဆုံး အကျဉ်းသားအား တရုတ်ပြန်လွှတ်ပေးမည်

တျန်အန်းမင်နောက်ဆုံး အကျဉ်းသားအား တရုတ်ပြန်လွှတ်ပေးမည်

ပေကျင်း၊ အောက်တိုဘာ ၁၅ ။       ။ တရုတ်နိုင်ငံတွင် ၁၉၈၉ ခုနှစ်က တျန်အန်းမင်ရင်ပြင်ဆန္ဒပြသမှု၌ ဖမ်းဆီးထားသူများမှ နောက်ဆုံးကျန်ရှိသည့် အကျဉ်းသားအဖြစ် သိထားရသော အကျဉ်းသားအား ယနေ့အောက်တိုဘာ ၁၅ ရက်တွင် ပြန်လွှတ်ပေးမည်ဖြစ်ကြောင်း သိရသည်။

သို့သော် ထိုအကျဉ်းသားဖြစ်သူမှာ ကျန်းမာရေးနုံးချိချုချာကာ စိတ်ပိုင်းဆိုင်ရာကျန်းမာရေးလည်း ပျက်စီးနေကြောင်း လူ့အခွင့်အရေးအုပ်စုနှင့် ယခင်အကျဉ်းသားဟောင်းတစ်ဦးက ပြောသည်။

Miao Deshun ဆိုသူ အကျဉ်းသားကို ချုပ်ရက် ၁၁ လ လျော့ပေါ့ပေးခြင်းဖြင့် ပြန်လွှတ်ပေးခြင်းဖြစ်ကြောင်း ဆန်ဖရန်စစ္စကို အခြေစိုက် တရုတ်ရှိ နိုင်ငံရေးအကျဉ်းသားများအရေး လိုက်ပါဆောင်ရွက်လျက်ရှိသော Dui Hua ဖောင်ဒေးရှင်းက ပြောသည်။

အသက် ၅၁ နှစ် ရှိနေပြီဖြစ်သည့် ယခင်စက်ရုံအလုပ်သမားဟောင်း Miao အနေဖြင့် ၎င်း၏ ဘဝသက်တမ်း ထက်ဝက်ကျော် အကျဉ်းထောင်အတွင်း ကုန်ဆုံးခဲ့ရခြင်းကြောင့် နာဖျားမကျန်းမာမှုများစွာကို ခံစားနေရကြောင်း Dui Hua မှ အမှုဆောင်ဒါရိုက်တာ John Kamm က အီးမေးလ်ဖြင့် ဖြေကြားသည်။

တရုတ်နိုင်ငံတွင် ၁၉၈၉ ဇွန် ၃ ရက်နှင့် ၄ ရက်၌ ဒီမိုကရေစီထောက်ခံဆန္ဒပြသူများအား တင့်ကားများ၊ စစ်တပ်ရင်းများဖြင့် နှိမ်နှင်းခဲ့ရာ ရာထောင်ပေါင်းများစွာ သေဆုံးခဲ့ခြင်းဖြစ်သည်။ နောက်ပိုင်းတွင် ဆန္ဒပြမှုများနှင့် ပတ်သက်သူများအား ရာဇဝတ်မှုပုဒ်မများဖြင့် အာဏာပိုင်များက လူပေါင်း ၁၆၀၀ ကျော်ထက်မနည်းကို ဖမ်းဆီးထောင်ချခဲ့ခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required