အမျိုးဂုဏ်သိက္ခာညှိုးနွမ်းစေသည်ဟု ဆိုကာ အမျိုးသမီးများအား မိသားစုဝင်များက သတ်ဖြတ်အပြစ်ပေးနေမှုများကို ပြင်းထန်စွာ အရေးယူရန် ပါကစ္စတန် ဆုံးဖြတ်

အမျိုးဂုဏ်သိက္ခာညှိုးနွမ်းစေသည်ဟု ဆိုကာ အမျိုးသမီးများအား မိသားစုဝင်များက သတ်ဖြတ်အပြစ်ပေးနေမှုများကို ပြင်းထန်စွာ အရေးယူရန် ပါကစ္စတန် ဆုံးဖြတ်

 အောက်တိုဘာ ၇ ။             ။ မိသားစု သို့မဟုတ် မျိုးနွယ်စုအသိုင်းအဝိုင်းအပေါ် ဂုဏ်သိက္ခာညှိုးနွမ်းစေသည့်ဆိုကာ မိန်းကလေးများအား အခြားမိသားစုဝင်များ၊ အမျိုးအနွယ်များက သတ်ဖြတ်အပြစ်ပေးနေမှုများကို ယခုအခါ ပါကစ္စတန်တွင် ဥပဒေကြောင်းအရ ထိရောက်စွာ အရေးယူသွားတော့မည်ဖြစ်သည်။

ဂုဏ်သိက္ခာအတွက်ဟု ဆိုပြီး မိသားစုဝင် အချင်းချင်း သတ်ဖြတ်အပြစ်ပေးနေသူများ ယခင်ကာလများအတွင်း ပြစ်ဒဏ်မှ လွတ်မြောက်ခွင့်ရနေခြင်းကို ပိတ်ပင်တားဆီးမည့် ဥပဒေသစ်တစ်ရပ်ကို ပါကစ္စတန်အစိုးရက အတည်ပြုလိုက်ခြင်းဖြစ်သည်။

ပါကစ္စတန်ကဲ့သို့ နိုင်ငံတစ်ချို့တွင် မိသားစု သို့မဟုတ်အမျိုးအဆွေ အသိုင်းအဝိုင်းက သဘောမတူသူများနှင့် ချစ်ကြိုက်လက်ထပ်မိသည့် မိန်းကလေးများသည် အမျိုးဂုဏ်သိက္ခာကို ကျဆင်းစေသည်ဟု ဆိုပြီး အခြားသော မိသားစုဝင်များက သတ်ဖြတ်ကာ အပြစ်ပေးနေမှုများမှာ အစဉ်အလာတစ်ခုကဲ့သို့ပင် ရှိနေခဲ့သည်။ ယင်းသို့ မိသားစုဂုဏ်သိက္ခာပြန်လည်အဖတ်ဆည်ရန်အတွက်ဟုဆိုကာ မိသားစုဝင်အချင်းချင်း သတ်ဖြတ်အပြစ်ပေးသူများမှာမူ ယခင်ကာလများအတွင်းက အခြားသော မိသားစုဝင်များ၏ ခွင့်လွှတ်ခံရပါက အရေးယူ၍မရတော့ဘဲ ပြစ်ဒဏ်မှလည်း လွတ်မြောက်ခွင့် ရရှိနေခဲ့ခြင်းဖြစ်သည်။

ယခုအခါတွင်မူ အဆိုပါ ဟာကွက်ကို ပိတ်ကာ ပါကစ္စတန်အစိုးရက ယင်းသို့ ကျူးလွန်သူများကို ထောင်ဒဏ်တစ်သက်တစ်ကျွန်းအထိ ကျခံစေမည့် ဥပဒေကို အတည်ပြုလိုက်ပြီဖြစ်သည်။ ယခုအခါတွင်မူ ဥပဒေသစ်အရ ယင်းပြစ်ဒဏ်ကျူးလွန်သူများသည် မိသားစုများ၏ ခွင့်လွတ်ခြင်းကိုလည်း ရပါကလည်း အလွန်ဆုံးသေဒဏ်ပြစ်ဒဏ်တစ်ခုကိုသာ ရှောင်လွဲခွင့်ရမည်ဖြစ်ပြီး အခြားသောပြစ်ဒဏ်တစ်ခုသို့ လျှော့ပေါ့ခံစားခွင့်ရရှိတော့မည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required