အီတလီနည်းပြဟောင်း ပရင်ဒယ်လီကို နည်းပြသစ်အဖြစ် ဗလင်စီယာအသင်းခန့်အပ်

အီတလီနည်းပြဟောင်း ပရင်ဒယ်လီကို နည်းပြသစ်အဖြစ် ဗလင်စီယာအသင်းခန့်အပ်

အောက်တိုဘာ ၂၊ စပိန် ။                 ။ ဗလင်စီယာအသင်းသည် အီတလီလက်ရွေးစင်အသင်းနည်းပြဟောင်း ပရင်ဒယ်လီကို ၂ နှစ်သက်တမ်းစာချုပ်ဖြင့် နည်းပြသစ်အဖြစ် ခန့်အပ်လိုက်ပြီ ဖြစ်သည်။

အသက် ၅၉ နှစ်အရွယ်ရှိ ပရင်ဒယ်လီသည် နည်းပြဟောင်း အေရီစတာရန်၏ နေရာတွင် အစားထိုးခန့်အပ်ခံရခြင်းဖြစ်သည်။ စတာရန်မှာ ဂယ်ရီနဗီး၏နေရာတွင် အစားထိုးခန့်အပ်ခံရပြီး   ခြောက်လအကြာတွင် ရာထူးမှ ထုတ်ပယ်ခံခဲ့ရခြင်း ဖြစ်သည်။

ဗလင်စီယာအသင်းကို နည်းပြရန် ပရင်ဒယ်လီကို ၂ နှစ်စာချုပ်ဖြင့် ၂၀၁၈ ခုနှစ် ဇွန်လ ၃၀ ရက်နေ့အထိ သဘောတူညီလက်မှတ်ရေးထိုးခဲ့ကြောင်း ဗလင်စီယာအသင်းဝက်ဘ်ဆိုက်မှ ထုတ်ပြန်ကြေညာခဲ့သည်။

ပရင်ဒယ်လီသည် လာမည့် တနင်္လာနေ့တွင် ဗလင်စီယာနည်းပြအဖြစ် တရားဝင်သတင်းစာရှင်းလင်းပွဲ ပြုလုပ်မည်ဖြစ်ပြီး ထိုနေ့မှာပင် ပထမဆုံးလေ့ကျင့်ရေးအစီအစဉ်ကို စတင်မည် ဖြစ်သည်။

ဗလင်စီယာအသင်းသည် ရာသီအစလေးပွဲဆက်တိုက် ရှုံးနိမ့်ခဲ့ရသောကြောင့် နည်းပြအေရီစတာရန်ကို ရာထူးမှ ထုတ်ပယ်လိုက်ပြီး လူငယ်အသင်းနည်းပြ ဗိုရိုကို ယာယီနည်းပြအဖြစ် တာဝန်ပေးအပ်ခဲ့သည်။

ဗိုရိုက ၎င်းအနေဖြင့် ပရင်ဒယ်လီနှင့် ပုဂ္ဂိုလ်ရေးအရ ရင်းနှီးမှုမရှိသော်လည်း အီတလီလူမျိုးနည်းပြမှာ သူ၏နိုင်ငံလက်ရွေးစင်အသင်းနှင့် ထိပ်တန်းအသင်းများကို နည်းပြခဲ့ဖူးသည့် ထိပ်တန်းနည်းပြကောင်းတစ်ဦးဖြစ်ကြောင်း ပြောဆိုခဲ့သည်။

ရည်ညွှန်း ဂိုးလ်ဒေါ့ကွန်း

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required