Spure Bowl ဘောလုံးပြိုင်ပွဲ ပထမပိုင်းနားချိန် ဖျော်ဖြေပွဲတွင် ပါ၀င်ဖျော်ဖြေသွားမယ့် လေဒီဂါဂါ

Spure Bowl ဘောလုံးပြိုင်ပွဲ ပထမပိုင်းနားချိန် ဖျော်ဖြေပွဲတွင် ပါ၀င်ဖျော်ဖြေသွားမယ့် လေဒီဂါဂါ

နယူးယော့ခ် ၊ စက်တင်ဘာ ၃၀ ။         ။ ဂရမ်မီဆုရှင် လေဒီဂါဂါသည် ၂၀၁၇  Super Bowl ဘောလုံးပြိုင်ပွဲ ပထမပိုင်းနားချိန် ဖျော်ဖြေပွဲတွင် ပါဝင်ဖျော်ဖြေသွားမည်ဖြစ်ကြောင်း အမျိုးသားဘောလုံးအဖွဲ့ချုပ် ( NFL)က စက်တင်ဘာ ၂၉ရက်တွင် ပြောကြားခဲ့သည်။

“ ကောလဟာလသတင်းတွေဟာ မှန်ကန်ပါတယ်။ဒီနှစ် Super Bowl ဘောလုံးပြိုင်ပွဲမှာ ဂါဂါပါဝင်ဖျော်ဖြေသွားမှာပါ။” ဟု လေဒီဂါဂါက တွစ်တာတွင် ပြောကြားခဲ့သည်။

Super Bowl ဘောလုံးပြိုင်ပွဲကို  တက္ကဆက်ပြည်နယ် ဟူစတန်မြို့၌  ဖေဖော်ဝါရီ၅ရက်တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။ Super Bowl ဘောလုံးပြိုင်ပွဲတွင် လေဒီဂါဂါ ပါဝင်ဖျော်ဖြေမှုသည် ဒုတိယအကြိမ် ဖျော်ဖြေမှုဖြစ်ပြီး ပြီးခဲ့သည့်နှစ် ဖေဖော်ဝါရီလက Super Bowl ဘောလုံးပြိုင်ပွဲ ပထမပိုင်းနားချိန် ဖျော်ဖြေပွဲတွင် နိုင်ငံတော်သီချင်း သီဆိုခဲ့ကြောင်း  NFLက ပြောကြားသည်။

Super Bowl ဘောလုံးပြိုင်ပွဲသည် လူကြည့်အများဆုံးအမေရိကန် ရုပ်မြင်သံကြားအစီစဉ်တစ်ခုဖြစ်ပြီး ကြည့်ရှုသူ သန်းတစ်ရာကျော်ရှိကြောင်း နှင့် ကြော်ငြာထည့်သွင်းသူများအတွက် စက္ကန့်သုံးဆယ်ကို သန်းပေါင်းများစွာပေးရသည့် ဈေးအကြီးဆုံးရုပ်မြင်သံကြား အစီစဉ်တစ်ခုဖြစ်သည်။

ပြီးခဲ့သည့်နှစ် Super Bowl ဘောလုံးပြိုင်ပွဲ ပထမပိုင်းနားချိန်ဖျော်ဖြေပွဲတွင် ဘီယွန်စေး ၊ ကိုးလ်ပလေး ၊ ဘရူနိုမက်စ် တို့ပါဝင်ဖျော်ဖြေခဲ့သည်။မိုက်ကယ်ဂျက်ဆင် ၊မက်ဒေါနား နှင့် The Black Eyed Peas တေးဂီတအဖွဲ့တို့လည်း ဖျော်ဖြေခဲ့ဖူးကြသည်။

လေဒီဂါဂါသည် ဂရမ်မီဆုခြောက်ကြိမ်ရရှိထားပြီး ရွှေကမ္ဘာလုံးဆုကိုရရှိထားသည့်အပြင် အော်စကာဆုကိုလည်း ရရှိထားသူတစ်ဦးဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required