ဧရာဝတီ ကမ်းလွန်ထောက်ပ့ံရေး စခန်းစီမံကိန်း လေ့လာ စိစစ်ချက် အစီအရင်ခံစာအား တိုင်လွှတ်တော်သို့ တင်သွင်း

ဧရာဝတီ ကမ်းလွန်ထောက်ပ့ံရေး စခန်းစီမံကိန်း လေ့လာ စိစစ်ချက် အစီအရင်ခံစာအား တိုင်လွှတ်တော်သို့ တင်သွင်း

ပုသိမ်၊ စက်တင်ဘာ ၂၈ ။           ။ ဧရာဝတီ ကမ်းလွန်ထောက်ပံ့ရေး စခန်းစီမံကိန်းအား ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် ပြည်သူ့ငွေစာရင်း၊ စီမံကိန်းနှင့် ဘဏ္ဍာရေး၊ စီးပွားရေးနှင့် ကုန်သွယ်ရေးလုပ်ငန်းကော်မတီက ကွင်းဆင်းလေ့လာ စိစစ်ချက် အစီအရင်ခံစာအား ဒုတိယ အကြိမ် ဧရာဝတီတိုင်းဒေသကြီးဒုတိယပုံမှန်အစည်းအဝေးတွင် တင်သွင်းခဲ့သည်။

"ဒေသခံများလုပ်ငန်းကိုသေချာစွာဆန်းစစ်လေ့လာဖို့လိုပါကြောင်း၊ဒေသ သဘာဝပတ်ဝန်ကျင်ကို လေ့လာဖို့၊ ရေလုပ် ငန်း ဦးစားဆောင်ရွက်သည့် ဒေသဖြစ်၍   ရေလုပ်သားများအတွက်   သေချာအောင်စိစစ်စေလိုကြောင်း၊ ဒေသခံများ၏ ဆန္ဒနှင့် အညီ ဥပဒေများ စည်းကမ်းများချမှတ်ပြီး ပွင့်လင်းမြင်သာအောင် ဆောင်ရွက်ပေးရန်၊ ထုံးကျောက်တောင် များ ကို မြေလွှာနဲ့ သစ်ပင်ထိန်းထားတာဖြစ်လို့ သေချာလေ့လာပြီးမှ ဆောင်ရွက်သင့်ကြောင်း၊ လုပ်ငန်းအတွက်တောင်များ ဖြိုလျှင် အနောက်တောင်မုတ်သုံလေကြောင်းပြောင်းပြီး ရာသီဥတုပြောင်းလဲနိုင်ကြောင်း၊ ကုမ္ပဏီ လုပ်ငန်း လုပ်ဆောင် ရာ တွင်ဥပဒေနှင့်မညီညွတ်ပါက လွှတ်တော်ကိုယ်စားလှယ်များနှင့် အစိုးရအဖွဲ့မှ အရေးယူပေးစေချင်ကြောင်း ဟိုတယ် နှင့် ခရီးသွားလုပ်ငန်းကို လာရောက်ရင်းနှီးမြုပ်နှံစေလိုကြောင်း ” ဟု ဒေသခံများတင်ပြချက်အား ကော်မတီဥက္ကဋ္ဌ ဦး အောင် သူထွေးက တိုင်းဒေသကြီးလွှတ်တော်တွင်ဆွေးနွေးခဲ့သည်။

ကော်မတီ လေ့လာတွေ့ရှိချက်အား" လုပ်ငန်းအကောင်အထည်ဖော်မည့် မြေနေရာနှင့်ပတ်သက်ပြီး ဝယ်ယူထားရာတွင် အငြင်းပွားဖွယ်အြဿနာမရှိ၊ တောင်ယာမြေများ စိုက်ပျိုးရေးဖြစ်ထွန်း   အောင်မြင်မှုနည်းသော မြေများဖြစ်ပြီး၊ လုပ်ငန်း ဆောင်ရွက်မည့် ကမ်းခြေသည် ကျောက်ဆောင်၊ ကျောက်တန်းပေါများကြောင်း”လွှတ်တော်သို့ တင်ပြခဲ့သည်။

ထို့နောက် "ရေလုပ်သားများ၏ ဘဝလုံခြုံမှုနှင့် စီးပွားရေးထိခိုက်မှုမရှိစေရန် စာချုပ်စာတမ်းများ ခိုင်မာဖို့လိုအပ်ကြောင်း၊ နိုင်ငံတ ကာ အဆင့်မှီ ကုမ္ပဏီဌားရမ်းပြီး သဘာဝပတ်ဝန်ကျင်နှင့် လူမှုဘဝ ထိခိုက်မှုမရှိအောင်ဆောင်ရွက်မည့် အစီ အစဉ်ရေး ဆွဲထားဖို့လိုအပ်ကြောင်း ”အကြံပြုချက်ကို ဆက်လက်တင်ပြခဲ့သည်။

ဧရာဝတီတိုင်း ဒေသကြီး ဒုတိယ အကြိမ်ပုံမှန်အစည်းအဝေးတွင် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် စီမံဘဏ္ဍာဝန်ကြီး ဦးလှ ကျော် က "ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင် ငပုတောမြို့နယ်၊ငရုပ်ကောင်းမြို့၊နံသာဖုကျေးရွာ မြေတိုင်း အမှတ် ၆၇ ၉၊ မြေဧရိယာ ၄၉ ဧကကို ရယူပြီး ဆိပ်ကမ်းနှင့် သိုလှောင်ရုံ တည်ဆောက်ပြီး ကမ်းလွန်ရေနံတွင်းများအတွက် လိုအပ် တဲ့ ဝန်ဆောင်မှုတွေကိုထောက်ပံ့ပေးခြင်း လုပ်ငန်းများကို ဆောင်ရွက်ရန်အတွက် ဧရာဝတီကမ်းလွန်စီမံကိန်းအား SIM CO.Ltd လုပ်ကိုင်မည်ဖြစ်ကြောင်း တိုင်းဒေသကြီးလွှတ်တော်တွင် တင်ပြခဲ့သည်။

ကမ်းလွန်ထောက်ပံ့ ပို့ဆောင်ရေး စီမံကိန်းအား ယခင်အစိုးရလက်ထက်မှ စတင်လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ဒေသခံများ ဆွေးနွေးပြီး ဖြစ်ကြောင်း၊ ကုမ္ပဏီသည် မြန်မာနိုင်ငံသားပိုင်ဖြစ်ပြီးး စီမံကိန်းအတွက်ခန့်မှန်းကုန်ကျငွေ အမေရိကန် ဒေါ် လာသန်း ၄၀၀ ကုန်ကျပြီး ၊စီမံကိန်း အပိုင်း၁ မြေဧရိယာ ၄၉ ဧကမှ တည်ဆောက်မည့် ဆိပ်ခံတံတား၊ သိုလှောင်ရုံ၊ ရုံး ခန်း ငှားခြင်း လုပ်ငန်းများအတွက် ကုန်ကျစာရိတ် အမေရိကန် ဒေါ်လာ သန်း၁၅၀ ဖြစ်ပြီး တည်ဆောက်ချိန် တစ်နှစ်ခွဲ ကြာ မည်ဖြစ်ကြောင်း စီမံဘဏ္ဍာဝန်ကြီးက တိုင်းလွှတ်တော်တွင်ရှင်းလင်း ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required