​ဒေါ်​အောင်​ဆန်​းစုကြည်​ရဲ့ ကျန်​းမာ​ရေး စိုးရိမ်​စရာ မရှိ၊ အချိန်​ အနည်​းငယ်​ အနားယူရန်​ လိုအပ်

​ဒေါ်​အောင်​ဆန်​းစုကြည်​ရဲ့ ကျန်​းမာ​ရေး စိုးရိမ်​စရာ မရှိ၊ အချိန်​ အနည်​းငယ်​ အနားယူရန်​ လိုအပ်
(ဓာတ်ပုံ - Asia Society)

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေးဟာ စိုးရိမ်စရာမရှိဘဲ အချိန် အနည်းငယ် အနားယူရန် လိုအပ်ကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိလ်ရုံးက သတင်းကြေညာချက် ထုတ်ပြန်ထားပါတယ်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ဗြိတိန်၊ အမေရိကန်ပြည်ထောင်စု ခရီးစဉ်ကနေ မနေ့ညက ရန်ကုန်သို့ ပြန်လည်ရောက်ရှိခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေးကို ကျွမ်းကျင်သူ ဆရာဝန်ကြီးတွေနဲ့ စစ်ဆေးခဲ့ရာမှာ အမေရိကန်ပြည်ထောင်စု ခရီးစဉ်အတွင်း အစီအစဉ်  များပြားလွန်းပြီး နားချိန် နည်းပါးတာကြောင့် ပင်ပန်းနွမ်းနယ်ခြင်း၊ ခရီးစဉ်အတွင်း စားချိန်သောက်ချိန် မမှန်တာကြောင့် အစာအိမ်ရောင်ရမ်းခြင်နှင့် ကွန်ပျူတာ အကြည့်များတာကြောင့် အရိုးကျည်းပေါင်းတက်ခြင်းတွေကို တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေးအခြေအနေဟာ အထူး စိုးရိမ်ဖွယ်ရာမရှိဘဲ ကောင်းမွန်လျက်ရှိပြီး အချိန် အနည်းငယ် အနားယူရန် လိုအပ်တယ်လို့  ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။

သတင်းရင်းမြစ် - နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိလ်ရုံး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required