ဟယ်ရီပေါ်တာ၏ ကလေးဘဝ ရိုက်ကူးရာတွင် အသုံးပြုခဲ့သော နေအိမ်ကို စတာလင်ပေါင် ၄၇၅၀၀၀ ဖြင့် ရောင်းချသွားမည်

ဟယ်ရီပေါ်တာ၏ ကလေးဘဝ ရိုက်ကူးရာတွင် အသုံးပြုခဲ့သော နေအိမ်ကို စတာလင်ပေါင် ၄၇၅၀၀၀ ဖြင့် ရောင်းချသွားမည်

လန်ဒန် ၊ စက်တင်ဘာ ၂၀ ။               ။ စာရေးဆရာမ ဂျေကေရိုလင်း၏စာအုပ်ကို ပြန်လည်ပြင်ဆင် ရိုက်ကူးထားသော ဟယ်ရီပေါ်တာ ရုပ်ရှင်ကားတွင် ဟယ်ရီပေါ်တာ၏ ကလေးဘဝကို ရိုက်ကူးရာတွင် အသုံးပြုခဲ့သော နေအိမ်ကို စတင်လင်ပေါင် ၄၇၅၀၀၀ဖြင့် ရောင်းချသွားမည်ဖြစ်သည်။

 4 Privet Drive ဟု လူသိများသော ဘရက်ခ်နဲလ်မြို့ မာတင်ဟာဆန်မီးရထားဘူတာရုံအနီးရှိ အဆိုပါနေအိမ်သည် ၂၀၀၁ ခုနှစ်က ဟယ်ရီပေါ်တာ ပထမဆုံးရုပ်ရှင်ကား “ Harry Potter and the Philosopher’s Stone”  ရိုက်ကူးရာတွင် အသုံးပြုခဲ့သည်။

ရုပ်ရှင်ကားတွင် အဆိုပါအိမ်ကို ဟယ်ရီပေါ်တာ၏ ဆိုးရွားလှသော အဒေါ် ၊ ဦးလေး နှင့် ဝမ်းကွဲမိသားစုများနေထိုင်သောနေအိမ်အဖြစ် အသုံးပြုခဲ့သည်။ ယင်းနေအိမ်ရှိ လှေကားအောက် အခန်းငယ်သည် ဟယ်ရီပေါ်တာ Hogwarts မှော်ပညာကျောင်းကို သွားပြီး မှော်ပညာကို လေ့လာတွေ့ ရှိသည်အထိ အိပ်စက်ခဲ့သည့် အိပ်ခန်းအဖြစ် အသုံးပြုခဲ့သည်။

လက်ရှိအချိန်တွင် နေအိမ်ကိုပိုင်ဆိုင်သူများက စတာလင်ပေါင် ၄၇၅၀၀၀ဖြင့်ရောင်းချရန် ဈေးကွက်တင်ထားသည်။

အဆိုပါ နေအိမ်တွင် အိပ်ခန်းသုံးခန်း ၊ ဧည့်ခန်းများ နှင့် ပန်းခြံကြီးတစ်ခုပါဝင်သည်။အဆိုပါနေအိမ်ကို ၂၀၁၀ ခုနှစ်မေလက  စတာလင်ပေါင် ၂၉၀၀၀၀ ဖြင့်ဝယ်ယူခဲ့ပြီး မကြာသေးမီက ပြင်ဆင်မွမ်းမံများပြုလုပ်ခဲ့သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required