သီတင်းပတ်ခြောက်ပတ်ကြာ တွဲပြီးနောက် ဂျက်စတင်ဘီဘာနှင့် ဆိုဖီယာရစ်ချီတို့ လမ်းခွဲ

သီတင်းပတ်ခြောက်ပတ်ကြာ တွဲပြီးနောက် ဂျက်စတင်ဘီဘာနှင့် ဆိုဖီယာရစ်ချီတို့ လမ်းခွဲ

နယူယော့ခ်၊ စက်တင်ဘာ ၂၁ ။            ။ ကနေဒါ အဆိုတော် ဂျက်စတင်ဘီဘာ နှင့် ဆိုဖီယာရစ်ချီတို့သည် သီတင်းပတ်ခြောက်ပတ်ကြာ တွဲပြီးနောက် ယခုအခါ လမ်းခွဲလိုက်ပြီဖြစ်ကြောင်း သတင်းအရင်းမြစ်တစ်ခုက  PEOPLE မဂ္ဂဇင်းကို ပြောကြားခဲ့သည်။

 သြဂုတ်လအလယ်က အသက် ၂၂ နှစ်အရွယ်ရှိ ဂျက်စတင်ဘီဘာသည် ၎င်း၏ချစ်သူသစ် ဆိုဖီယာကို ပုတ်ခတ်ရေးသားသော ပရိသတ်များအား ပြစ်တင်ဝေဖန်ခဲ့ကြောင်းနှင့် ချစ်သူဟောင်းဖြစ်သူ ဆလီနာဂိုမက်ဇ်သည်လည်း ပုတ်ခတ်ဝေဖန်မှုများ ခံခဲ့ရသည်။

ဆလီနာဂိုမက်ဇ်သည် ဂျက်စတင်ဘီဘာနှင့် ရစ်ချီတို့နှစ်ဦးပုံအောက်တွင် ရည်စားဟောင်းဖြစ်သူ ဂျက်စတင်ဘီဘာအတွက် အကြံပြုစာများကို ရေးသားခဲ့ခြင်းကြောင့် ဂျက်စတင်နှင့် ဆလီနာဂိုမက်ဇ်တို့အကြား အခြေအတင် ပြောဆိုမှုများ ဖြစ်ခဲ့သည်။

“မင်းအမုန်းကို မကိုင်တွယ်တတ်ဘူးဆိုရင် မင်းရဲ့ချစ်သူ မိန်းကလေးရဲ့ပုံတွေကို တင်တာ ရပ်သင့်တယ်။ ဒါဟာ မင်းတို့နှစ်ဦးလုံးအတွက် အကောင်းဆုံးဖြစ်တယ်။ မင်းရဲ့ပရိတ်သတ်တွေကိုလည်း ထင်ယောင် ထင်မှားဖြစ်အောင် မလုပ်ပါနဲ့။ ပရိသတ်တွေက မင်းကို ချစ်ခင်ကြတယ်။ အားပေးကြတယ် ”ဟု ဆလီနာက ယင်းကဲ့သို့ အကြံပြုရေးသားခဲ့သည်။

ဂျက်စတင်ဘီဘာနှင့် ဆိုဖီယာတို့ နှစ်ဦးသည် မက္ကဆီကိုတွင် ဆိုဖီယာ၏ အသက် ၁၈နှစ်ပြည့် မွေးနေ့ပွဲကို အတူဆင်နွှဲခဲ့ကြသော်လည်း ယင်းနောက်ပိုင်းတွင် ၎င်းတို့နှစ်ဦးကို အတူတွေ့ရှိခဲ့ခြင်း မရှိတော့ပေ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required