လူကယ်ပြန်ဝန်ကြီးဌာန၏ ရက် ၁၀၀ စီမံချက်အပေါ် သုံးသပ်ခြင်း (နိဂုံးပိုင်း)

လူကယ်ပြန်ဝန်ကြီးဌာန၏ ရက် ၁၀၀ စီမံချက်အပေါ် သုံးသပ်ခြင်း (နိဂုံးပိုင်း)

ဒေါ်ဖြူလဲ့လဲ့ထွန်း (ညွှန်ကြားရေးမှူး)

ကယ်ဆယ်ရေး နှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန

လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန

သဘာဝဘေးတွေက အခုဆိုရင် နှစ်တိုင်းလိုလို ဖြစ်နေတယ်လေ။ အရင်တုန်းကဆိုရင် ရေဘေးဖြစ်ပြီဆိုရင် ပဲခူးတို့ ကရင်တို့ အောက်ပိုင်းတွေဖြစ်တာများတယ်။ ဧရာဝတီတို့ပေါ့နော်။ အဲလိုမျိုး ဖြစ်လာရာကနေ ဒီ ၂၀၁၅ မှာတော့ သိသိသာသာ အပေါ်ပိုင်းတွေကို များများဖြစ်တယ်။ အောက်ပိုင်းတွေမှာ လျော့သွားတယ်ပေါ့နော်။ အဲလိုမျိုး မတူတဲ့ အခြေအနေနဲ့ ဖြစ်လာတာပေါ့နော်။ အဲဒါမျိုးတွေက တစ်ကမ္ဘာလုံးနဲ့ယှဉ်ကြည့်ရင် ဘေးတွေက အခုဟာက မမျှော်မှန်းနိုင်တဲ့ အင်အားစုတွေပေါ့။ နောက်ပြီး တစ်ကမ္ဘာလုံးနဲ့လည်း ဖြစ်နေပါတယ်။ အဲ့တော့ ကျွန်မတို့အနေနဲ့ကလည်း ဒီဟာတွေကို ဖြစ်လာမှ ဖြေရှင်းတာမျိုးကလည်း ဖြေရှင်းတာတော့ ဖြေရှင်းရတယ်။ ဒါပေမယ့် ဒါကြီးကို မဖြစ်အောင်တော့ တားလို့မရဘူး။

ဒါပေမယ့် ဖြစ်တဲ့အခါမှာ ဘေးဒဏ်ခံစားရတာ လျော့နည်းအောင်တော့ လုပ်ရမှာပေါ့။ ခုနပြောသလိုပါပဲ ရေဘေးကြီးကို ၂၀၁၂ လောက်ကစပြီးတော့ ခံစားနေရတယ်။ ဒါကြီးကို ရုတ်တရက်ကြီး ရပ်သွားအောင်တော့ လုပ်လို့မရဘူးပေါ့နော်။ ဒါက ရေရှည် လုံးဝကို နှစ်တွေနဲ့ယှဉ်ပြီးတော့ ပြန်လည်ပြီးတော့ ပြုပြင်ပြီးတော့ တဖြည်းဖြည်းနဲ့ ရေမြေသဘာဝက အကုန်လုံးကို ပြန်လည်လုပ်သွားရမယ့် ကိစ္စဆိုတော့ ဒါကလည်း ကျွန်မတို့ ဝန်ကြီးဌာနတွေအားလုံးလည်း ဝိုင်းဝန်းစဉ်းစားပြီးတော့ လုပ်နေပါတယ်။ လုပ်တဲ့အခါမှာလည်း အမတို့လို အဖွဲ့အစည်းတွေ ဆရာတို့နဲ့ အကုန်လုံးနဲ့ ပူးပေါင်းပြီး ဆောင်ရွက်ရပါတယ်။ ဒါကတော့ ခုနက အမပြောသလို ဘေးတွေ ထပ်ပြီးတော့မဖြစ်အောင် ဖြစ်လာခဲ့ရင်လည်း ခံစားရတာ လျော့နည်းအောင် လုပ်နေပါတယ်။ အခု ဆရာပြောတာက သင်တန်းကျောင်းပေါ့ သင်တန်းကျောင်းကတော့ ဘေးဖြစ်လာခဲ့ရင် ပြည်သူလူထုအနေနဲ့ရော စီမံခန့်ခွဲတဲ့သူတွေအနေနဲ့ရော ဘယ်လိုစီမံခန့်ခွဲမလဲ။ ပြည်သူလူထုအနေနဲ့ဆိုရင်လည်း ဘယ်လို လိုက်နာကျင့်သုံးမလဲ။ ဒါလေးတွေကို အသိပညာပေးတယ်။ နည်းပညာလည်းပေးတဲ့ သင်တန်းကျောင်းပေါ့နော်။ အဲဒါလည်း ဖွင့်ထားတဲ့အခါကျတော့ CSO တွေလည်း အများကြီးတက်ပါတယ်။ အခု ကျွန်မတို့ဖွင့်ထားတဲ့ ဆီမှာပါ။ အရင်တုန်းကတော့ CSO တွေ မပါခဲ့သေးဘူးပေါ့နော်။ ကျွန်မတို့နဲ့ ပူးပေါင်းဆောင်ရွက်တာတွေလည်း ရှိပါတယ်။ နောက်ပြီးတော့ ရေရှည်အနေနဲ့ကလည်း လုပ်တော့လုပ်နေပါတယ်။ ဒါပေမယ့်လည်း ပြည့်စုံတယ်လို့လည်း မဖြစ်သေးပါဘူး။ အတိုင်းအတာတစ်ခုအနေနဲ့လည်း ကျော်လွန်ပြီးတော့ ပြည့်ပြည့်စုံစုံ ဖြစ်တယ်လို့ မရှိသေးပါဘူး။ ဒါကတော့ အားလုံးလုပ်ရမှာပါပဲ။ မလုပ်ဘူးလို့တော့ မဟုတ်ပါဘူး။ လုပ်တော့ လုပ်နေပါတယ်။ ထိထိရောက်ရောက် မဖြစ်သေးတာပေါ့။ ဒါကလည်း ရေရှည်ကြီး လုပ်သွားရမှာပါ။ ရေဘေးတွေလည်း ရုတ်တရပ်ကြီး မဖြစ်အောင်တော့ လုပ်လို့မရသေးဘူးပေါ့။

 

ဦးနေလင်းစိုး (CEO)

မြန်မာနိုင်ငံ မသန်စွမ်းသူများ ရှေ့ဆောင်အဖွဲ့

ကျွန်တော့်အပိုင်းကလည်း နည်းနည်း ဖြည့်စွက်ပြီးတော့ ဆွေးနွေးချင်ပါတယ်။ ဒါကတော့ ကျွန်တော်တို့နိုင်ငံမှာက ခုနကပြောသလို အနေအထား အခြေအနေအရပ်ရပ်မှာ ကန့်သတ်ထားတာလေးတွေ ရှိတယ်ပေါ့နော်။ ဝန်ထမ်းအင်အားနဲ့ ဘက်ဂျက်တွေပေါ့ ထိုနည်းတူ မသန်စွမ်းတွေမှာလည်း ကန့်သတ်ထားတာလေးတွေ ရှိနေပါတယ်။ ဒီလိုအခြေအနေမှာ ဝိုင်းပြီးတော့ လုပ်နေတဲ့အခါမှာ ကျွန်တေ်ာတို့ တစ်ဖက်က လုပ်နေရတာနဲ့ တစ်ဖက်က ဆောင်ရွက်ရတာတွေ မမျှတာလေးတွေ ရှိတယ်ပေါ့နော်။ တစ်ဖက်ကလည်း ဒီအခြေအနေမှာ ခုနက Inclusion ဆိုတဲ့ အပိုင်းလေးမှာ အဲဒါလေးမှာ ဘယ်လိုပဲ အခက်အခဲတွေ အကန့်အသက်လေးတွေ ရှိနေပါစေပေါ့နော် အမြဲတမ်း မပါသွားဖို့ မျှော်လင့်ပါတယ်။ ကျွန်တော်တို့ ဒီဘက်မှာလည်း လူမျိုးစုတစ်ခုအတွက် ဆောင်ရွက်ပေးတယ်။ သူတို့အားလုံး ပြေလည်သွားမှပဲ နောက်ထပ် အုပ်စုတစ်စုအတွက် ဆောင်ရွက်ပေးတယ်ဆိုရင် ကျွန်တော်တို့ ဒီ အလှည့်ဆိုတာ ရောက်လာဖို့ ခက်တယ်ပေါ့နော်။ ဘာဖြစ်လို့လဲဆိုတော့ အမြဲတမ်း အကန့်သတ်တွေနဲ့ပဲ လည်ပတ် ဆောင်ရွက်နေရတာ ဖြစ်တဲ့အတွက် ကြောင့် အကန့်အသတ်တွေ ရှိတဲ့အထဲမှာမှ အင်ဂလုစစ်ဖြစ်အောင် ဘယ်လိုလုပ်ရမလဲဆိုတာ အထူးသဖြင့် ပေါ်လစီမှာနယ်ပယ်မှာ ပါနိုင်ရင်တော့ လတ်တလော အခြေအနေထိ မရှိတာထက် စာရင်တော့ တစ်စတစ်စ ပိုကောင်းလာနိုင်တယ်ပေါ့နော်။ ဒီအခြေအနေမှာတစ်ဘက်ကလည်း မြန်မာ့လူ့အဖွဲ့အစည်းမှာ တစ်ဖက်က သက်ကြီးရွယ်အိုကိစ္စ၊ အမျိုးသမီးကိစ္စတို့ မသန်စွမ်းကိစ္စတို့ ဘယ်လိုပဲဖြစ်ဖြစ် လူ့အဖွဲ့အစည်းမှာ ဆောင်ရွက်ပေးရမယ့် အလုပ်ဆိုရင် လူမှုဝန်ထမ်းဦးစီးဌာနရဲ့ အလုပ်လို့ပဲ တော်တော်များများက လက်ညှိုးထိုးကြတယ်။ ဒီလိုပဲ ခံယူကြတယ်လေ။ အဲလိုမဟုတ်ဘဲနဲ့ ကျွန်တော်အနေနဲ့က လူမှုဝန်ထမ်း ဦးစီးဌာနတစ်ခုတည်းတင် မကဘဲနဲ့ ထိုနည်းတူ ကယ်ဆယ်ရေးဆိုတာနဲ့ ပိုပြီးတော့မှ ဒီလိုကိစ္စတွေ ထည့်သွင်းဆောင်ရွက်သွားမလဲပေါ့။ အခြားသော ကိစ္စတွေမှာ လုပ်ငန်းစဉ်တွေမှာလည်း တစ်ပါတည်း ထည့်သွင်းဆောင်ရွက်မှ ပိုပြီးတော့ အရှိန်အဟုန်က ရွေ့မှာပေါ့နော်။

ကျွန်တော်တို့နိုင်ငံအနေနဲ့က အများကြီး ရုန်းကန်နေရတယ်။ ရှေ့ကိုတက်ဖို့ အများကြီး အားထုတ်နေရတဲ့အချိန်မှာ ခုနကလို ကျွန်တော်တို့ နိုင်ငံတော်ရဲ့ ဘက်ဂျက်တွေမှာ ဝန်ထမ်းအင်အား လုပ်ရတဲ့အခြေအနေက အကန့်အသတ်လေးတွေ ရှိနေတယ်ဆိုတာ ကျွန်တော်တို့ နားလည်တယ်ပေါ့နော်။ ဒီအခြေအနေမှာ အကြောင်းအမျိုးမျိုးကြောင့် ဘေးရောက်နေတဲ့ လူမျိုးစုတွေအတွက် တစ်ပါတည်း တက်နိုင်သလောက် ပါသွားအောင် ခုနကလို ပါနိုင်သလောက် ပါသွားအောင် အဲဒါတွေကို အင်ဂလုစစ် ရှုထောင့်ကနေ ထည့်သွားဖို့ ဒါလေးကိုတော့ ကျွန်တော်တို့ လိုလားတာပါလို့။ အုပ်စုတစ်စုအတွက် ဒါမှမဟုတ်ရင်လည်း အခြေအနေတစ်ခု တော်တော်များများ ပြေလည်သွားတော့မှ ကျန်တဲ့ ဘေးကအုပ်စုတွေအတွက် စဉ်းစားရင်း ပါလာဖို့ ပိုပြီးတော့ အလှမ်းဝေးမှာပေါ့နော်။ အဲလိုမျိုးလေးမဖြစ်အောင် အင်ဂလုစစ် ရှုထောင့်ကနေပဲ ဖြစ်နိုင်ရင် ပေါ်လစီနယ်ပယ်မှာကို ခုနက ကျွန်တော်ပြောသလိုပဲ ရေဘေးကယ်ဆယ်ရေးတွေ စည်းရုံးတဲ့အခါမှာ သူတို့ရဲ့ ဝေခြမ်းရေးစနစ်တွေက လာတယ် ရွာထိပ်ထိရောက်တယ်။ လာတန်းစီတဲ့သူတွေကို ဖြန့်ပေးလိုက်တယ်။ ပြီးရင် လာတန်းမစီနိုင်တဲ့ မသန်စွမ်းတွေက မရဘူးပေါ့နော်။ သက်ကြီးရွယ်အိုတွေ မရဘူးပေါ့နော်။ သူတို့ကလည်း လာတန်းစီတဲ့သူတွေကိုပဲ ပေးတာလေ။ တစ်ယောက်တည်းကနေ သူ့မှာ မိသားစု ၁၀ ယောက်ရှိတယ်ဆိုပြီးတော့မှ လာပြီးတော့ ထုတ်ရင်လည်း မပေးဘူးလေ။ ဘာဖြစ်လို့လဲဆိုတော့ အခြားသော သူတွေလည်း ရှိသေးတယ်လေ။ ဒီလို ဝေခြမ်းရေးစနစ်တွေမှာ အင်ဂလုစစ်ဖြစ်အောင် ဝန်ကြီးဌာနအနေနဲ့ ပြည်သူတွေ CSO တွေ ဒါမှမဟုတ် ကူညီကယ်ဆယ်ရေးအဖွဲ့တွေ သတိချပ်မိအောင် ထုတ်ပြန်ပေးသင့်ပါတယ်။

အပိုင်း (၁)

http://mizzimaburmese.com/article/18077

အပိုင်း(၂)

http://mizzimaburmese.com/article/18170

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required