အောင်မြင်ကျော်ကြားတဲ့ အနုပညာရှင် တစ်ယောက်ဖြစ်ရတဲ့ ခံစားချက်နဲ့ ပတ်သက်လို့ ဖွင့်ပြောလာတဲ့ လီမင်ဟို

အောင်မြင်ကျော်ကြားတဲ့ အနုပညာရှင် တစ်ယောက်ဖြစ်ရတဲ့ ခံစားချက်နဲ့ ပတ်သက်လို့ ဖွင့်ပြောလာတဲ့ လီမင်ဟို

ဆိုးလ်၊ စက်တင်ဘာ ၁၄ ။              ။ မကြာသေးမီက  X Sports News  ကိုးနှစ်ပြည့် အထိမ်းအမှတ်အဖြစ် လီမင်ဟို အပါအဝင် နာမည်ကြီး သရုပ်ဆောင်သုံးဦးကို တွေ့ဆုံမေးမြန်းမှုများ ပြုလုပ်ခဲ့သည်။

  X Sports News က အောင်မြင်သော အနုပညာရှင်တစ်ယောက်ဖြစ်ရသည့် ခံစားချက်နှင့် စပ်လျဉ်း၍ လီမင်ဟိုအား မေးမြန်းမှုများ ပြုလုပ်ခဲ့သည်။” အောင်မြင်ကျော်ကြားတာဟာ ဂုဏ်ယူဖွယ်ဖြစ်တယ်။  ကျွန်တော်ကျေနပ်ပါတယ်။ ဒါပေမဲ့ ရင်းနှီးကျွမ်းဝင်တယ်လို့  မခံစားရသေးဘူး။ ဒီလိုအောင်မြင် ကျော်ကြားတဲ့ အနုပညာရှင် ဂုဏ်ပုဒ်မရှိရင်လည်း အနုပညာအတွက် တာဝန်ရှိတယ်လို့  ကျွန်တော် ခံစားရတယ်။ ဘာကြောင့်လဲဆိုတော့ ကမ္ဘာတစ်ဝှမ်းမှာ ရှိတဲ့သူတွေက ကျွန်တော့်ကို အားပေးနေတယ်ဆိုတာ ကျွန်တော်သိတယ်။ ”ဟု လီမင်ဟိုက ဖြေကြားခဲ့သည်။

“ ကိုရီးယား ဘာသာစကား ဒါမှမဟုတ် ယဉ်ကျေးမှုကို နားမလည်ဘဲ ကိုရီးယားရုပ်ရှင်တွေ နဲ့  ဒရမ်မာကားတွေကို ကြည့်ရှုနေတဲ့ ပရိတ်သတ်တွေနဲ့  ကျွန်တော်တွေ့ဆုံတဲ့အခါ သူတို့တွေက ကိုရီးယား ရုပ်ရှင် နဲ့ ဒရမ်မာ ဇာတ်ကားတွေကြောင့် ကိုရီးယား ဘာသာစကားတွေ သင်ယူနေတဲ့ အကြောင်းတွေ ၊ ကိုရီးယားနိုင်ငံကို သွားရောက်တယ်ဆိုတဲ့ အကြောင်းတွေ ပြောကြားတယ်။ ဒါဟာ   အောင်မြင်   ကျော်ကြားမှုရဲ့ စစ်မှန်တဲ့ အားတစ်ရပ်လို့  ကျွန်တော်ထင်ပါတယ်”ဟု လီမင်ဟိုက ပြောကြားသည်။

နောက်ဆုံးအနေနဲ့  ကိုရီးယား ပရိတ်သတ်တွေနဲ့  ကမ္ဘာတစ်ဝှမ်းမှာရှိတဲ့ ပရိသတ်တွေကို ကျွန်တော် ပြောချင်တာကတော့ “ ကျွန်တော့်ကို အမြဲတမ်း အားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ကျွန်တော် ခင်ဗျားတို့ကို ပျော်ရွှင်အောင် လုပ်ပေးနိုင်တဲ့ မင်းသားတစ်ယောက်ဖြစ်ဖို့  ကြိုးကြိုးစားစား လုပ်ဆောင်သွားမှာပါ”ဟု လီမင်ဟိုက ပြောကြားခဲ့သည်။

လီမင်ဟိုသည် “ Boys Over Flowers” ဇာတ်ကားတွင် ပထမဆုံး ခေါင်းဆောင်မင်းသားနေရာမှ ပါဝင် သရုပ်ဆောင်ခဲ့ရာ ပြည်တွင်း နှင့်ပြည်ပတွင် အောင်မြင်မှုများ ရရှိခဲ့ကြောင်း နှင့် ယင်းနောက်တွင် “ Heirs” နှင့် “ City Hunter” ဇာတ်ကားများတွင် ပါဝင်ခဲ့ပြီး အောင်မြင်မှုများ ရရှိခဲ့သည်။

လီမင်ဟိုသည် လက်ရှိအချိန်တွင် မကြာမီ ထုတ်လွှင့်ပြသမည့်  “ Legend of the Blue Sea” ဒရမ်မာဇာတ်ကားတွင် ဂျန်ဂျီဟွန်းနှင့်အတူ ပါဝင် သရုပ်ဆောင်လျက်ရှိသည်။“  Legend of the Blue Sea”  ဒရမ်မာဇာတ်ကားသည် သုံးနှစ်တာ ကာလအတွင်း လီမင်ဟို၏ ပထမဆုံး ဒရမ်မာဇာတ်ကားဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly