မန်ယူတိုက်စစ်မှူး အီဗရာဟီမိုဗစ် ၂၀၁၆ ခုနှစ်အကုန်တွင် နည်းပြသင်တန်းစတက်မည်

မန်ယူတိုက်စစ်မှူး အီဗရာဟီမိုဗစ် ၂၀၁၆ ခုနှစ်အကုန်တွင် နည်းပြသင်တန်းစတက်မည်

စက်တင်ဘာ ၄၊ အင်္ဂလန် ။             ။ မန်ယူအသင်းမှ ဆွီဒင်တိုက်စစ်မှူး အီဗရာဟီမိုဗစ်သည် ၂၀၁၆ ခုနှစ်အကုန်တွင် နည်းပြသင်တန်းစတက်တော့မည်ဖြစ်သည်။

အသက် ၃၄ နှစ်အရွယ်ရှိ မိုဗစ်သည် သူ၏ကစားသမားဘဝကုန်ဆုံးချိန်တွင် ပြုလုပ်မည့်အနာဂတ်အစီအစဉ်ကို မန်ယူနည်းပြ မော်ရင်ဟိုထံ ပြောကြားထားပြီးလည်း ဖြစ်သည်။

‘မိုဗစ်က သူ့ရဲ့အနာဂတ်အစီအစဉ်နဲ့ ပတ်သက်ပြီး မော်ရင်ဟိုကို ပြောပြထားပြီးပါပြီ။ မိုဗစ်အနေနဲ့ သူ့ရဲ့ကစားသမားဘဝကို နောက်သုံးလေးနှစ်လောက်အထိ အချိန်ဆွဲထားဖို့ မရှိပါဘူး။

မော်ရင်ဟိုကလည်း သူ့ရဲ့အစီအစဉ်အတွက် ခွင့်ပြုထားပြီးပါပြီ။ ၂၀၁၆ အကုန်မှာ ပထမဆုံးနည်းပြစာမေးပွဲကို သူဖြေဆိုပါလိ့မ်မယ်။ နောက်နှစ်နွေရာသီမှာ နောက်တစ်ဆင့်အတွက် သူထပ်ပြီး ဖြေဆိုသွားမှာပါ’ ဟု မန်ယူအသင်းနှင့်နီးစပ်သည့် အသိုင်းအဝိုင်းမှ ဆိုသည်။

အနာဂတ်တွင် နည်းပြလုပ်မည့် မိုဗစ်သည် မန်ယူအသင်း၏ကာရင်တန်လေ့ကျင့်ရေးကွင်းတွင် စတင်ပြီးလူငယ်များကို သင်ကြားပေးနေပြီဖြစ်သည်။ အသင်း၏လေ့ကျင့်ခန်းအစီအစဉ်များများအပြီးတွင် မန်ယူ၏လူငယ်တိုက်စစ်ကစားသမားများဖြစ်သော ရက်ရှ်ဖို့ဒ်၊ မာရှယ်နှင့် လင်ဂတ်တို့အပါအဝင် လူငယ်များကို မိုဗစ်က သူ၏ဂိုးကန်သွင်းသည့် နည်းစနစ်ပိုင်းများသင်ကြားပေးလျက်ရှိသည်။

ရည်ညွှန်း သည်ဆန်း

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required