ဘင်္ဂလားဒေ့ရှ်ရှိ အကြီးဆုံးသော အစ္စလမ်ပါတီကို ငွေကြေးထောက်ပံ့ပေးခဲ့သည့် မီဒီယာလုပ်ငန်းရှင် စစ်ရာဇဝတ်မှုဖြင့် ကြိုးပေးခံရ

ဘင်္ဂလားဒေ့ရှ်ရှိ အကြီးဆုံးသော အစ္စလမ်ပါတီကို ငွေကြေးထောက်ပံ့ပေးခဲ့သည့် မီဒီယာလုပ်ငန်းရှင် စစ်ရာဇဝတ်မှုဖြင့် ကြိုးပေးခံရ

စက်တင်ဘာ ၄ ။           ။ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် အကြီးဆုံးသော အစ္စလမ်ပါတီ၏ ငွေကြေးပံ့ပိုးပေးထားသူနှင့် ခေါင်းဆောင်တစ်ဦးဖြစ်သူကို  ၁၉၇၁ ခုနှစ်က ကျူးလွန်ထားခဲ့သည့် စစ်ရာဇဝတ်မှုဖြင့် ကြိုးပေးလိုက်ပြီဖြစ်ကြောင်း တာဝန်ရှိသူများက ပြောသည်။

အသက် ၆၃ နှစ်ရှိ မီဒီယာလုပ်ငန်းရှင်ကြီးဖြစ်သော မိုင်ယာကွာဆမ်အလီသည် ဂျမက်အီအစ္စလမ်မီ ပါတီကို နောက်ကွယ်မှ ငွေကြေးပံ့ပိုးပေးထားခဲ့သူဖြစ်ကာ လွန်ခဲ့သည့် နှစ်နှစ်ကတည်းက   သေဒဏ်ချမှတ်ခံထားရသူဖြစ်သည်။

ပါကစ္စတန်နှင့် စစ်ဖြစ်စဉ်အချိန်က လူသတ်မှု၊ ညှင်းပန်းနှိပ်စက်မှုများအပါအဝင် အခြား ပြစ်မှုများစွာဖြင့် ၎င်းအား စွဲချက်တင်ထားခဲ့ခြင်းဖြစ်သည်။

၎င်းကို စက်တင်ဘာ ၃ ရက်က ဒါကာမြို့ အပြင်ဘက် လုံခြုံရေးတင်းကျပ်ထားသည့် အကျဉ်းထောင်တစ်ခုတွင် ကြိုးပေးလိုက်ခြင်းဖြစ်ကြောင်း အာဏာပိုင်များက ပြောသည်။

၎င်းသည် ၂၀၁၀ ခုနှစ်က စတင်ကာ ဖမ်းဆီးခံခဲ့ရပြီး ၂၀၁၄ တွင် စွဲချက်တင် ပြစ်ဒဏ်ချမှတ်ခံခဲ့ရသည်။ ၎င်းမှာ သေဒဏ်ချမှတ်ခံခဲ့ရပြီးနောက်ပိုင်း သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့်ကို လျှောက်ထားတောင်းခံရန် ငြင်းဆန်ခဲ့သူဖြစ်ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags