နောက်ခံလူ ဒန်နီဆင်ဆွန်ကို လက်စတာအသင်း သုံးနှစ်သက်တမ်းတိုးစာချုပ် ချုပ်ဆို

နောက်ခံလူ ဒန်နီဆင်ဆွန်ကို လက်စတာအသင်း သုံးနှစ်သက်တမ်းတိုးစာချုပ် ချုပ်ဆို

စက်တင်ဘာ ၂၊ အင်္ဂလန် ။                 ။  ပရီးမီးယားလိဂ်ချန်ပီယံလက်စတာအသင်းသည် အသင်း၏အဓိက နောက်ခံကစားသမားတစ်ဦးဖြစ်သူ ဒန်နီဆင်ဆွန်ကို သုံးနှစ်သက်တမ်းတိုးစာချုပ် ချုပ်ဆိုလိုက်သည်။

အသက် ၂၉ နှစ်အရွယ်ရှိ ဆင်ဆွန်သည် စာချုပ်သစ်ကြောင့် လက်စတာအသင်းတွင် ၂၀၁၉ ခုနှစ်အထိ ဆက်ရှိနေတော့မည် ဖြစ်သည်။ ဆင်ဆွန်သည် လက်စတာအသင်း ယခုတစ်ပတ်အတွင်း စာချုပ်သစ်ချုပ်ဆိုသည့် ဒုတိယမြောက်ကစားသမားဖြစ်သည်။ ၎င်းမတိုင်ခင်က အယ်လ်ဘရိုက်တန်ကို ၂၀၂၀ ခုနှစ်အထိ စာချုပ်သစ်ချုပ်ဆိုခဲ့သည်။

စာချုပ်သစ်ချုပ်ပြီးနောက်တွင် ဆင်ဆွန်က ‘ကျွန်တော် အရမ်းပျော်ပါတယ်။ ဒီအသင်းမှာ ကစားလာတာ ၂ နှစ်ရှိပါပြီ။ လက်စတာအသင်းက နေသားတကျနဲ့ ရှေ့ဆက်နေတဲ့အသင်းပါ။

အသင်းက ကစားသမားတွေအားလုံးက အရမ်းရင်းနှီးကြပါတယ်။ နည်းပြကလည်း သူရောက်လာတဲ့အချိန်ကတည်းက ကျွန်တော့်ကို ကစားသမားတစ်ဦးအနေနဲ့ တိုးတက်လာအောင် အများကြီး ကူညီပေးခဲ့ပါတယ်။

ကစားသမားတွေ နည်းပြတွေပဲ ညီညွတ် ရင်းနှီးကြတာ မဟုတ်ပါဘူး။ ဒီမှာက တစ်သင်းလုံး ရင်းရင်းနှီးနှီးရှိကြတာပါ။ ဒီအသင်းမှာ နောက်သုံးနှစ်ဆက်လက်ရှိနေခွင့်ရမှာဖြစ်လို့ တကယ်ကိုပျော်ပါတယ်’ ဟု ပြောဆိုခဲ့သည်။

လက်စတာအသင်းသည် အဓိက ကစားသမားများဖြစ်သော မော်ဂန်၊ ဗာဒီ၊ မာရက်ဇ်၊ ဒရင့်ဝါတာနှင့်ဂိုးသမားရှမိုက်ကယ်တို့ကိုလည်း စာချုပ်သစ်ချုပ်ဆိုထားပြီး ဖြစ်သည်။

ရည်ညွှန်း ဒေးလီးမေးလ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required