မလေးရှားအမျိုးသားနေ့၌ တိုက်ခိုက်မှုများ လုပ်ဆောင်ရန် ကြံစည်ထားသည့် အိုင်အက်စ်အစွန်းရောက်သုံးဦးအား ဖမ်းမိ

မလေးရှားအမျိုးသားနေ့၌ တိုက်ခိုက်မှုများ လုပ်ဆောင်ရန် ကြံစည်ထားသည့် အိုင်အက်စ်အစွန်းရောက်သုံးဦးအား ဖမ်းမိ

ကွာလာလမ်ပူ၊ သြဂုတ် ၃၁ ။            ။ မလေးရှားနိုင်ငံတွင် ဖျော်ဖြေရေးပွဲများ၊ ရဲစခန်းများနှင့် ဘာတူလိုဏ်ဂူများရှိ ဟိန္ဒိူဘုရားကျောင်းတို့အား တိုက်ခိုက်မှုများ လုပ်ဆောင်ရန် အကြံအစည်ရှိသော သံသယရှိ အိုင်အက်စ်အစွန်းရောက်သုံးဦးအား ဖမ်းမိကြောင်း မလေးရှားရဲတပ်ဖွဲ့က သြဂုတ် ၃၁ ၌ ပြောကြားသည်။

မလေးရှားနိုင်ငံ အမျိုးသားနေ့အကြို သြဂုတ် ၃၀ ရက်၌ လက်ပစ်ဗုံးများနှင့် သေနတ်များသုံးကာ ၎င်းတို့သုံးဦးက စီစဉ်လျက်ရှိနေခြင်းဖြစ်သည်။ ယင်းသံသယရှိသူများက ဆီးရီးယားတွင် အခြေစိုက်သော မိုမာမတ်ဝန်ဒီမိုဟာမတ်ဂျီဒိုင်၏ ညွန်ကြားမှုအောက်တွင် လှုပ်ရှားနေခြင်းဖြစ်သည်။

သံသယရှိသူများတွင် အသက် ၂၀ အရွယ် လော်ရီကားဒရိုင်ဗာတစ်ဦးလည်းပါဝင်ပြီး ၎င်းအား ဆီလန်ဂေါတွင် ပြီးခဲ့သည့် သြဂုတ် ၂၇ ရက်က ဖမ်းဆီးရမိခြင်းဖြစ်သည်။ ၎င်းနှင့်အတူ ကိုးမမ ပစ္စတိုတစ်လက်၊ လက်ပစ်ဗုံးတစ်လုံးနှင့် ကျည်ဆန် ၂၄ တောင့်ကိုပါ သိမ်းဆည်းရမိသည်။

သြဂုတ် ၂၉ ရက်က ဖမ်းဆီးရမိသည့် ကျန်သောနှစ်ဦးတွင် တစ်ဦးက အသက် ၂၇ နှစ်ရှိကြသော အသားရောင်းချသူများဖြစ်ပြီး ပါဟန်တွင် ဖမ်းမိခြင်းဖြစ်ကာ ကျန်တစ်ဦးက အသက် ၂၀ ရှိ ဈေးသည်တစ်ဦးပင်ဖြစ်ကာ ကွာလာလမ်ပူတွင် ဖမ်းမိခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags