နှစ်နိုင်ငံသားခံယူထား၍ စွမ်းအင်ဝန်ကြီးကို အင်ဒိုနီးရှားသမ္မတ ရာထူးကထုတ်ပယ်

နှစ်နိုင်ငံသားခံယူထား၍ စွမ်းအင်ဝန်ကြီးကို အင်ဒိုနီးရှားသမ္မတ ရာထူးကထုတ်ပယ်

ဂျကာတာ၊ သြဂုတ် ၁၆ ။                ။ အင်ဒိုနီးရှားနိုင်ငံတွင် အဓိကဝန်ကြီးနေရာဖြစ်သော စွမ်းအင်ဝန်ကြီးအဖြစ် ခန့်အပ်ထားခဲ့သူက နှစ်နိုင်ငံသား ခံယူထားသူဖြစ်ကြောင်း သိရှိ၍ သမ္မတဝီဒိုဒိုက သီတင်းပတ်အနည်းငယ်အတွင်းမှာပင် ရာထူးက ပြန်လည်ထုတ်ပယ်လိုက်သည်။

အင်ဒိုနီးရှားနှင့် အမေရိကန်နိုင်ငံသား ပတ်စ်ပို့ကိုင်ဆောင်ထားသူ ရေနံနှင့် သဘာဝဓာတ်ငွေ့ဝန်ကြီးဟောင်းဖြစ်သူ တာဟာသည် အမေရိကန်တွင် နှစ်ပေါင်း ၂၀ ကျော် နေထိုင်ခဲ့သူဖြစ်သည်။

၎င်းနှစ်နိုင်ငံသား ခံယူထားသည်နှင့် ပတ်သက်ပြီးအငြင်းပွားမှုများဖြစ်ပွား၍ ကက်ဘိနက်အဖွဲ့ဝင်ဝန်ကြီးအဖြစ်မှ နုတ်ထွက်လိုက်ရခြင်းဖြစ်သည်။

အင်ဒိုနီးရှားဥပဒေအရ နှစ်နိုင်ငံသား ခံယူခြင်းကို ခွင့်မပြုထားပေ။ နိုင်ငံသားအဖြစ်မှ စွန့်လွှတ်လိုက်သူမှသာ အခြားနိုင်ငံ၏ ပတ်စ်ပို့ကို လျှောက်ထားနိုင်ခြင်းဖြစ်သည်။

တာဟာက အင်ဒိုနီးရှားနှင့် အမေရိကန် ပတ်စ်ပို့နှစ်ခုစလုံး ပိုင်ဆိုင်ထားကြောင်း သတင်းထွက်ပေါ်လာပြီးနောက် ၎င်း၏ နိုင်ငံသားအဖြစ်ကို မေးမြန်းမှုများ ပေါ်ထွက်လာခဲ့ခြင်းဖြစ်သည်။

တာဟာအနေဖြင့် လွန်ခဲ့သော လေးနှစ်ခန့်က အမေရိကန်နိုင်ငံသားအဖြစ် ရှိနေခဲ့ခြင်းဖြစ်သော်လည်း အင်ဒိုနီးရှားပတ်စ်ပို့ကိုလည်း စွန့်လွှတ်ခဲ့ခြင်း မရှိခဲ့ပေ။

“ပြည်သူတွေရဲ့ မေးခွန်းကို တုံ့ပြန်တဲ့အနေနဲ့ အခြားသတင်းရင်းမြစ်တွေကလည်း သတင်းအချက်အလက်တွေ ရရှိထားတာကြောင့်လည်း ပါလို့ သမ္မတက တာဟာကို ရာထူးကနေ ဖယ်ရှားလိုက်တာပဲဖြစ်တယ်။”ဟု တာဝန်ရှိသူတစ်ဦးက ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly