ပြည်ခိုင်ဖြိုးပါတီ အမည်ပေါက်မြေကွက်ကို မူလအတိုင်း ပန်းခြံအဖြစ်သတ်မှတ်ပေးရန် NLD အမတ် လွှတ်တော်တွင် တင်ပြ

ပြည်ခိုင်ဖြိုးပါတီ အမည်ပေါက်မြေကွက်ကို မူလအတိုင်း ပန်းခြံအဖြစ်သတ်မှတ်ပေးရန် NLD အမတ် လွှတ်တော်တွင် တင်ပြ

နေပြည်တော်၊ သြဂုတ် ၁၅ ။              ။ ပြည်ခိုင်ဖြိုးပါတီ အမည်ပေါက် မြေကွက်ဖြစ်သည့် ရန်ကုန်တိုင်းဒေသကြီးတောင်ဥက္ကလာပမြို့နယ် ၊ ၉ ရပ်ကွက်ရှိ မြေ ကွက်ကို မူလအတိုင်း အားကစားပန်းခြံ အဖြစ်ပြန်လည်သတ်မှတ်ပေးရန် တောင်ဥက္ကလာပမြို့နယ် ပြည်သူ့ လွှတ်တော် အမတ် ဒေါက်တာစောနိုင်က လွှတ်တော်အစည်းအဝေးတွင် တင်ပြလိုက်သည်။

သြဂုတ်လ ၁၅ ရက်နေ့တွင် ကျင်းပသော ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် တောင်ဥက္ကလာပ မဲဆန္ဒနယ်မှ ဒေါက်တာဦးစောနိုင်က တောင်ဥက္ကလာပ မြို့နယ်၊ (၉)ရပ်ကွက်ရှိ အားကစားပန်းခြံ အား ပြန်လည်ခွင့်ပြုပေးနိုင်ပါရန်နှင့် မည်သို့စီစဉ်ဆောင်ရွက်ထားသည်ကို သိရှိလိုကြောင်း မေးမြန်းခဲ့ခြင်းဖြစ်သည်။

အဆိုပါ မေးခါန်းနှင့် ပတ်သက်၍ " လက်ရှိ အခြေအနေအနေတွင် ပြည်ထောင်စုကြံခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီ အမည် ဖြင့်သာ ဆက်လက်တည်ရှိမည် ဖြစ်ပါကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ကိုယ်စားရှင်းလင်း ဖြေကြား အပ်ပါ သည် " ဟု ဆောက်လုပ်ရေး ဝန်  ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က ပြောသည်။

တောင်ဥက္ကလာပမြို့နယ် မြေတိုင်းရပ်ကွက် အမှတ် (၉) ၊ မြေကွက်အမှတ် (၁၀၁၉) ၊ ဧရိယာ (ဝ.၃၉) ဧက အမည် ပေါက် ပြည်ထောင်စုကြံခိုင်ရေး နှင့် ဖွံ့ဖြိုးရေးအသင်း ဌာနချုပ်ဟု မြေငှါးစာချုပ်အမှတ် အမှတ် ၊၁/တဥ-၇၇၁ /၂၀၀၂ အရ ၉.၆.၂၀၀၂ ရက်စွဲဖြင့် နှစ် (၆၀) မြေငှါးစာချုပ် ဂရန် ခွင့်ပြုထုတ်ပေးခဲ့ခြင်း ဖြစ်သည်။

ပြည်ခိုင်ဖြိုးအသင်း အမည်ပေါက်မြေအဖြစ်မှ ပြည်ခိုင်ဖြိုးပါတီ အမည်ပေါက်မြေအဖြစ် ၁၆.၆.၂၀၁၄ ရက်နေ့ရန်ကုန်မြို့ တော်စည်ပင်သာယာရေး ကော်မတီဝင်များ အစည်းအဝေး အမှတ်စဉ် (၂၃/၂၀၁၄) တွင် ပြောင်းလဲ သတ်မှတ်ခဲ့ခြင်း ဖြစ်သည်။

နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ အခန်း (၃) ဆက်လက်ရပ်တည်ပိုင်ခွင့်မရှိခြင်း အခန်းတွင် " နိုင်ငံတော်ပိုင် ငွေ၊ ကြေး ၊ မြေ၊ အိမ် ၊ အဆောက်အအုံ ၊ ပစ္စည်းငွေကြေး တို့ကို တိုက်ရိုက်ဖြစ်စေ ၊ သွယ်ဝိုက်၍ ဖြစ်စေ ရယူသုံးစွဲသည့် အ ဖွဲ့အစည်းဖြစ်ပါက ဆက်လက်ရပ်တည်ပိုင်ခွင့် မရှိစေရ ဟု ပြဌာန်းထားကြောင်း ဒေါက်တာစောနိုင် က လွှတ်တော်သု့ိ တင်ပြသည်။

ဒေါက်တာစောနိုင်၏ တင်ပြချက်အရ ဆောက်လုပ်ရေးဝန်ကြီးဌာနအနေဖြင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် ညှိနှိုင်း ဆောင်ရွက်ရန် ပြည်သူ့လွှတ်တော်ဥက္ကဌက ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required