လော့စ်အိန်ဂျလိစ် ၊ ဇူလိုင် ၂၉ ။ ။ စိတ်ကူးယဉ် သိပ္ပံဇာတ်လမ်းတွဲ Babylon5 ဖြင့် လူသိများကျော်ကြားလာသော မင်းသား ဂျယ်ရီဒိုရဲလ်သည် ကွယ်လွန်သွားပြီဖြစ်ကြောင်း နှင့် ကွယ်လွန်ချိန်တွင် အသက်မှာ ၆၀ ရှိပြီဖြစ် ကြောင်း သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
ဒိုရဲလ် သေဆုံးရသည့်အကြောင်းအရင်းကို ယခုအချိန်ထိ မသိရှိရသေးကြောင်း ဒိုရဲလ်မိသား စု၏ ပြောရေးဆိုခွင့်ရှိသူက ပြောကြားသည်။” ဒိုရဲလ် သေဆုံးသွားပြီဆိုတဲ့ သတင်းကြောင့် စိတ်ထိခိုက် ရပါတယ်”ဟု Babylon 5 နောက်တက်မင်းသား ဘရုစ်ဘောက်ဇ်လိတ်နာက ပြောကြားခဲ့ပြီး အာကာ သယာဉ်မှူး စကော့ကိုင်လီက “ ဒိုရဲလ် ကွယ်လွန်သွားပြီဆိုတဲ့ သတင်းကို ကြားရတာ စိတ်မ ကောင်းပါဘူး”ဟု ပြောကြားခဲ့သည်။
ဒိုရဲလ်သည် ၁၉၉၀ ပြည့်လွန်နှစ်က Babylon 5 ဇာတ်လမ်းတွဲငါးခုလုံးတွင် စစ်တပ်အရာရှိ မိုက်ကယ်ဂဲဘာလ်ဒီအဖြစ် ပါဝင်သရုပ်ဆောင်ထားသည်။ ဒိုရဲလ်သည် Beverly Hills 90210 ၊ NYPD Blue နှင့် Martial Law ကဲ့သို့သော အောင်မြင်ကျော်ကြားသော အခြားအစီစဉ်များတွင်လည်း ဧည့်သည် သရုပ်ဆောင်အဖြစ်ပါဝင်ခဲ့ပြီး အမေရိကန်ပြည်ထောင်စု နေ့စဉ် ရေဒီယိုအစီစဉ်တွင်လည်း အစီစဉ်မှူးအဖြစ် ပါဝင်ခဲ့သည်။
နယူးယော့ခ်မြို့ ဘရော့ကလင်ဒေသတွင် မွေးဖွားခဲ့သော ဒိုရဲလ်သည် ဟောလိဝုဒ် အနုပညာ လောကသို့ မဝင်ရောက်မီ လေယာဉ်မှူးတစ်ဦးအဖြစ် လုပ်ဆောင်ခဲ့ပြီး Wall Street တွင် စတော့ ရှယ်ယာပွဲစားတစ်ဦးအဖြစ် လုပ်ကိုင်ခဲ့သည်။
အနုပညာလောကသို့ ဝင်ရောက်ခဲ့ပြီး တစ်နှစ်အတွင်း ဒိုရဲလ်သည် Emmy ဆုရ Babylon 5 ဇာတ်ကားဖြင့် နေရာတစ်ရာရလာပြီး ဂဲဘာလ်ဒီအဖြစ် နှစ်ပေါင်းများစွာကြာ သရုပ်ဆောင်ခဲ့သည်။