ပရင့်စ်၏ ဂစ်တာနှင့် ဘိုရီ၏ဆံပင်ခွေတွေကို အမေရိကန်ဒေါ်လာ ၁၅၀ ၀၀၀ ဖြင့် လေလံတင် ရောင်းချခဲ့

ပရင့်စ်၏ ဂစ်တာနှင့် ဘိုရီ၏ဆံပင်ခွေတွေကို အမေရိကန်ဒေါ်လာ ၁၅၀ ၀၀၀ ဖြင့် လေလံတင် ရောင်းချခဲ့

အမေရိကန်အဆိုတော်ကြီး ပရင့်စ်၏ အီလက်ထရောနစ်ဂစ်တာနှင့် ဒေးဗစ်ဘိုရီ၏ ဆံပင်ခွေ တွေကို အမေရိကန်ပြည်ထောင်စု လေလံပွဲတွင် စုစုပေါင်း အမေရိကန်ဒေါ်လာ ၁၅၀ ၀၀၀ ကျော်ဖြင့် လေလံတင် ရောင်းချခဲ့သည်။

ပရင့်၏  The Yellow Cloud ဂစ်တာကို  အမေရိကန်ဘောလုံးအသင်း  Indianapolis Colts ပိုင်ရှင် ဂျင်အစ်ဆေးက အမေရိကန်ဒေါ်လာ ၁၃၇ ၅၀၀ ဖြင့် ဝယ်ယူခဲ့သည်။ ဘိုရီ၏ ဆံပင်ခွေကို အမေရိကန်ဒေါ်လာ ၁၈၇၅၀ ဖြင့် ရောင်းချနိုင်ခဲ့ကြောင်း  Heritage Auctions က ပြောကြားသည်။

ပရင့်စ်နှင့် ဘိုရီတို့သည် ယခုနှစ်အစောပိုင်းက ကွယ်လွန်ခဲ့ကြသည်။ ပရင့်သည် ဆေးအလွန် အကျွံ သောက်ခဲ့ခြင်းကြောင့် ဧပြီလက နေအိမ်တွင် ကွယ်လွန်ခဲ့ခြင်းဖြစ်ပြီး ဘိုရီသည် ဇန်နဝါရီလက ကင်ဆာရောဂါဖြင့် ကွယ်လွန်ခဲ့သည်။

The Yellow Cloud ဂစ်တာကို ၁၉၈၀ ပြည့်လွန်နှစ်နှောင်းပိုင်းက Knut-Koupee Enterprises of Minneapolis က ထုတ်လုပ်ခဲ့ခြင်းဖြစ်ပြီး ၁၉၉၀ ပြည့်လွန်နှစ်အလယ်အထိ ဖျော်ဖြေပွဲများတွင် အသုံးပြုခဲ့သည်။

ဘောလုံးအသင်းပိုင်ရှင် ဂျင်အစ်ဆေးသည် တေးဂီတတူရိယာများကို စုဆောင်းသူတစ်ဦး အဖြစ် လူသိများသူဖြစ်သည်။ဘော့ပ်ဒိုင်လန် ၊ ဂျွန်လန်နွန် ၊ ဂျယ်ရီဂါဆီအာ အပါအဝင် တေးဂီကြယ် ပွင့်များ၏ ပစ္စည်းများကို ဝယ်ယူစုဆောင်းထားသူ တစ်ဦးဖြစ်သည်။

ပြီးခဲ့သည့်နှစ်ကလည်း ဒရမ်တီးခတ်သူ ရင်ဂို စတား တီးခတ်ခဲ့သော ဒရမ်အသုံးအဆောင် ပစ္စည်းများကို အမေရိကန်ဒေါ်လာ ၂ဒသမ၁ သန်းဖြင့် ဝယ်ယူခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly