ဟောလိဝုဒ်၊ ဇူလိုင် ၇ ။ ။ နာမည်ကျော် ဟောလိဝုဒ် ရုပ်ရှင်ထုတ်လုပ်သူ တစ်ဦးဖြစ်သည့် မစ္စတာ ဂျယ်ရီဝိုင်းထရော့ဘ် ဇူလိုင် ၆ ရက်က ကွယ်လွန်သွားပြီဖြစ်ကြောင်း အမေရိကန် မီဒီယာများက ဖော်ပြခဲ့ကြသည်။ သူကွယ်လွန်ချိန်တွင် အသက် ၇၇ နှစ် ရှိပြီဖြစ်သည်။
ကရာတေးကစ်(ဒ်) “Karate Kid” နှင့် အိုးရှင်းန်စ် အလဲဗင်း “Ocean’s Eleven” ဇာတ်ကား များကို ထုတ်လုပ်ခဲ့သူ မစ္စတာ ဂျယ်ရီ ဝိုင်းထရော့ဘ်သည် ကယ်လီဖိုးနီးယားရှိ ဆန်တာဘာဘရာ တွင် ကွယ်လွန်သွားပြီဖြစ်ကြောင်းနှင့် သူ၏ မိသားစု ဘေးနား တွင် ရှိနေချိန်၌ သူကွယ်လွန်သွား ခဲ့ခြင်းဖြစ်ကြောင်း သတင်းများက ဆိုကြသည်။
သူ မည်သည့်အကြောင်းရင်းကြောင့် ကွယ်လွန်သွားသည်ကိုမူ မသိရှိရသေးပေ။ သူသည် ဂီတလောကတွင် စတင်လုပ်ကိုင် ခဲ့ခြင်း ဖြစ်သော်လည်း နောက်ပိုင်းတွင် ရုပ်ရှင်ထုတ်လုပ်ရေးကို ပြောင်းလဲလုပ်ကိုင်ခဲ့ခြင်း ဖြစ်သည်။