ဟောလီးဝုဒ်မင်းသား နီကိုးလ်ကေ့ချ်နှင့် အဲလက်စ်ကင်တို့ ကွားရှင်လိုက်ပြီ

ဟောလီးဝုဒ်မင်းသား နီကိုးလ်ကေ့ချ်နှင့် အဲလက်စ်ကင်တို့ ကွားရှင်လိုက်ပြီ

လော့စ်အိန်ဂျလိစ်၊ ဇွန် ၂၅ ။        ။ ဟောလီးဝုဒ်မင်းသားကြီး နီကိုးလ်ကေ့ချ်နှင့် အဲလက်စ်ကင်တို့သည် ၎င်းတို့၏ ၁၂ ကြာ အိမ်ထောက်သက်တမ်းကို အဆုံးသတ်လိုက်ပြီဖြစ်ကြောင်းနှင့် ၎င်းတို့နှစ်ဦးသည် ဇန်နဝါရီက လတည်းက ကွာရှင်းလိုက်ပြီဖြစ်ကြောင်း နီကိုးလ်ကေ့ချ်၏ ကိုယ်စားလှယ်က ဇွန် ၂၄ ရက်တွင် The Times သတင်းစာကို ပြောကြားခဲ့သည်။

အသက် ၅၂ နှစ်အရွယ်ရှိ နီကိုးလ်ကေ့ချ်နှင့် အသက် ၃၂ နှစ်အရွယ်ရှိ အဲလက်စ်ကင်တို့ နှစ်ဦးသည် အဲလက်စကင် စားပွဲထိုးလုပ်သည့် လော့စ်အိန်ဂျလိစ် စားသောက်တိုင်တွင် တွေ့ဆုံခဲ့ပြီး နောက် ၂၀၀၄ ခုနှစ် ဖေဖော်ဝါရီလက စတင်တွဲခဲ့ခြင်း ဖြစ်သည်။

နှစ်လကြာပြီးနာက် ၎င်းတို့နှစ်ဦးသည် စေ့စပ်ခဲ့ကြပြီး ၂၀၀၄ ခုနှစ် သြဂုတ်လတွင် ကာလီဖိုး နီးယားပြည်နယ် မြောက်ပိုင်းရှိ မွေးမြူရေးခြံကြီးတွင် လက်ထပ်ခဲ့ကြသည်။ နီကိုးလ်ကေ့ချ်နှင့် အဲလက်စ်ကင်တို့ ဇနီးမောင်နှံတွင် ကာလဲအလ်အမည်ရှိ အသက် ၁၀ နှစ်အရွယ် သားတစ်ယောက် ထွန်းကားခဲ့သည်။

အဲလက်စ်ကင်သည် ကေ့ချ်၏ တတိယမြောက် ဇနီးဖြစ်ပြီး ကေ့ချ်သည် အဲလက်စ်ကင်နှင့် လက်မထပ်ခင်က နှစ်ကြိမ် လက်ထပ်ထားဖူးသူတစ်ဦး ဖြစ်သည်။ ကေ့ခ်ျသည် ၁၉၉၅ ခုနှစ်က ပက်ထရစ်ရှာအာခက်နှင့်  လက်ထပ်ခဲ့ပြီး ငါးနှစ်ကြာ ပေါင်းသင်းခဲ့ကြောင်းနှင့် ၂၀၀၂ ခုနှစ်က လီဆာမရီပရက်စ်လေနှင့် လက်ထပ်ခဲ့ပြီး လေးလခန့် ပေါင်းသင်းခဲ့သည်။

နီးကိုးလ်ကေ့ချ်သည် မော်ဒယ် ခရစ္စတီးနားဖော်တန်နှင့်လည်း ပတ်သက်ခဲ့ဖူးပြီး ဝပ်စတန် အမည်ရှိ အသက်၂၅ နှစ်အရွယ် သားတစ်ယောက် ထွန်းကားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly