ပေါ်တူဂီတောင်ပံကစားသမားနာနီကို အဲဗာတန်အသင်းစိတ်ဝင်စားနေ

ပေါ်တူဂီတောင်ပံကစားသမားနာနီကို အဲဗာတန်အသင်းစိတ်ဝင်စားနေ

ဇွန် ၂၃၊ ပြင်သစ်။             ။ အဲဗာတန်အသင်းသည် ပေါ်တူဂီနှင့် ဖီနာဘာချီတောင်ပံကစားသမား နာနီကို စိတ်ဝင်စားနေသည်ဟု သတင်းများထွက်ပေါ်နေ သည်။

မန်ချက်စတာယူနိုက်တက်တောင်ပံကစားသမားဟောင်းကို အင်တာမီလန်နှင့် ဗလင်စီယာတို့ကလည်းစိတ်ဝင်စားနေကြပြီး စပိန်ကလပ် ဗလင်စီယာက ၎င်းတို့အနေဖြင့် နာနီကိုအသင်းသို့ရောက်အောင် ဆွဲဆောင်နိုင်လိမ့်မည်ဟု မျှော်လင့်နေသည်။

သို့သော် အဲဗာတန်နည်းပြရော်နယ်ကိုးမန်းသည် နာနီ၏ စာချုပ်ဖျက်သိမ်းကြေး ပေါင် ၈ ဒသမ ၅ သန်းကိုပေးရန်နှင့် နွေရာသီ အပြောင်းအရွှေ့ကာလအတွင်း ခေါ်ယူရန် စဉ်းစားနေသည်။

နာနီသည်လက်ရှိတွင် ယူရို ၂၀၁၆ ပြိုင်ပွဲဝင် ပေါ်တူဂီအသင်းတွင် ခြေစွမ်းပြနေပြီး အုပ်စုပွဲစဉ်များအပြီးတွင် နှစ်ဂိုးသွင်းယူ ထားသည်။

Ref; goal.com

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly