“Finding Dory” အန်နီမေးရှင်း ဇာတ်ကား အဖွင့်ပြသစဉ် အမေရိကန်ဒေါ်လာ ၁၃၆ ဒသမ ၂ သန်း စံချိန်တင်ရရှိ

“Finding Dory” အန်နီမေးရှင်း ဇာတ်ကား အဖွင့်ပြသစဉ် အမေရိကန်ဒေါ်လာ ၁၃၆ ဒသမ ၂ သန်း စံချိန်တင်ရရှိ

မှတ်ဉာဏ်ပျောက်တတ်သော အပြာရောင်ငါးလေး ဒိုရီ အကြောင်းကို ရိုက်ကူးပုံဖော်ထားသော “Finding Dory” အန်နီမေးရှင်း ရုပ်ရှင်ကားသည် ပွဲဦးထွက်တွင် အမေရိကန်ဒေါ်လာ ၁၃၆ ဒသမ ၂ သန်း ရရှိခဲ့ပြီး  စံချိန်သစ်တင်ခဲ့ကြောင်း သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

“Finding Dory” ရုပ်ရှင်ကားသည် ၂၀၀၇ ခုနှစ်က ပွဲဦးထွက်တွင် အမေရိကန်ဒေါ်လာ ၁၂၁ ဒသမ ၆ သန်းဖြင့် စံချိန်တင်ခဲ့သာ “Shrek the Third’s” ရုပ်ရှင်ကား၏ စံချိန်ကို ကျော်လွန်ခဲ့သည်။ “Finding Nemo” ၏ နောက်ဆက်တွဲ ရုပ်ရှင်ကား “Finding Dory” သည် အဖွင့်ပြသစဉ် ဇွန်လ၏ ဒုတိယမြောက် ဝင်ငွေအများဆုံး ရရှိသည့် ရုပ်ရှင်ကားလည်း ဖြစ်သည်။

“Finding Dory” အန်နီမေးရှင်း ရုပ်ရှင်ကားသည် မှတ်ဉာဏ်ပျောက်တတ်သော အပြာရောင် ငါးလေး ၎င်း၏ မိဘများနှင့် ပြန်လည်ပေါင်းစည်းပုံကို ပုံဖော်ရိုက်ကူးထားသည့် ရုပ်ရှင်ဖြစ်သည်။ အဆိုပါ ရုပ်ရှင်ကားကို Pixar ကုမ္ပဏီက ထုတ်လုပ်ခဲ့ပြီး Disney ကုမ္ပဏီက ဖြန့်ချိခဲ့သည်။

ကာလ်ဗင်ဟက်နှင့် ဒေါင်းနေဂျွန်ဆင်တို့ ပါဝင်သရုပ်ဆောင်ထားသော ဟာသဇာတ်မြူးဇာတ် ကား “ Central Intelligence” ရုပ်ရှင်ကားသည် အမေရိကန်ဒေါ်လာ ၃၄ ဒသမ ၅ သန်းဖြင့် ဒုတိယ နေရာတွင် ရပ်တည်လျက်ရှိသည်။

တတိယနေရာတွင် ရပ်တည်နေသော ကြောက်မယ်ဖွယ်သရဲကား “The Conjuring 2” ရုပ်ရှင် ကားသည် ဒုတိယသီတင်းပတ်ကုန်တွင် ၆၂ ရာခိုင်နှုန်းအထိ ကျဆင်းခဲ့ပြီး အမေရိကန်ဒေါ်လာ ၁၅ ဒသမ ၆ သန်း ရရှိကာ ပြည်တွင်းဝင်ငွေ စုစုပေါင်း အမေရိကန်ဒေါ်လာ ၇ ၁ဒသမ ၇ သန်း ရရှိခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly