မက်ဒရစ်မြို့မှာ ရုရှစီးပွားရေးလုပ်ငန်းရှင် အီဂိုသရာဘာဆို့ဖ်နှင့်အတူ တွေ့ခဲ့တဲ့ လင်ဆေးလိုဟန်

မက်ဒရစ်မြို့မှာ ရုရှစီးပွားရေးလုပ်ငန်းရှင် အီဂိုသရာဘာဆို့ဖ်နှင့်အတူ တွေ့ခဲ့တဲ့ လင်ဆေးလိုဟန်

နယူးယော့ခ်၊ ဇွန် ၁၁ ။         ။ ဟောလီးဝုဒ်မင်းသမီး လင်ဆေးလိုဟန်ကို မက်ဒရစ်မြို့တွင် ၎င်းနှင့် စေ့စပ်ထားသည်ဟု ကောလဟာလ သတင်းများ ထွက်ပေါ်နေသော  ရုရှစီးပွားရေးလုပ်ငန်းရှင် အီဂိုသရာဘာဆိုဖ် နှင့်အတူ တွေ့ရှိခဲ့ကြောင်း သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

လင်ဆေးလိုဟန်နှင့် အီဂေါ်ထရာဘာဆိုဖ်တို့သည် ဇွန် ၁၀ ရက်က စပိန်နိုင်ငံ၊ မက်ဒရစ်မြို့တွင် လက်ချင်းတွဲလျက် လမ်းလျှောက်ကာ ပျော်ရွှင်နေသည်ကို တွေ့မြင်ခဲ့သည်။ အသက် ၂၉ နှစ်အရွယ်ရှိ လင်ဆေးလိုဟန်သည် အစင်းကျားများပါသော ဂါဝန်ကို ဝတ်ဆင်ထားကာ အမည်းရောင် သားရေအိတ်ကို ကိုင်ဆောင်ထားပြီး ရှူးဖိနပ်ကို စီးထားသည်မှာ လိုက်ဖက်လှသည်။

အသက် ၂၂ နှစ်အရွယ်ရှိ အီဂိုသည် အဖြူရောင် တီရှပ်အင်္ကျီနှင့် မီးခိုးရောင် ဂျင်းဘောင်းဘီတို့ ဝတ်ဆင်ထားသည်ကို တွေ့ရသည်။

ရုရှစီးပွားရေးလုပ်ငန်းရှင်သည်  ဧပြီလက လင်ဆေးလိုဟန်၏ မိဘများဖြစ်သော မိုက်ကယ်နှင့် ဒီနာလိုဟန်တို့ ရှေ့တွင် လင်ဆေးလိုဟန်ကို လက်ထပ်ခွင့်တောင်းခဲ့ခြင်း ဖြစ်သည်။ လင်ဆေးလိုဟန်၏ လက်သူကြွယ်တွင် လက်စွပ်ဝတ်ထားသည်ကို တွေ့ရှိခဲ့ပြီးနောက် ၎င်းတို့နှစ်ဦး စေ့စပ်ထားသည်ဟူသော သတင်းများ ထွက်ပေါ်လာခဲ့သည်။ လင်ဆေးလိုဟန်၏ ကိုယ်စားလှယ်က ၎င်းတို့နှစ်ဦး စေ့စပ်ထားသည်မှာ မဟုတ်ကြောင်း ငြင်းဆိုခဲ့သည်။ လင်ဆေးလိုဟန်တို့ စုံတွဲ တွဲနေသည်မှာ ယခုအချိန်တွင် ခုနစ်လတာ ရှိပြီဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly