EXO အဖွဲ့၏ တတိယမြောက် တေးအယ်လ်ဘမ် ကြိုတင်မှာယူမှု အချပ်ရေ ၆၆၀ ၁၈၀ ချပ် စံချိန်တင် ရောင်းချ

EXO အဖွဲ့၏ တတိယမြောက် တေးအယ်လ်ဘမ် ကြိုတင်မှာယူမှု အချပ်ရေ ၆၆၀ ၁၈၀ ချပ် စံချိန်တင် ရောင်းချ

ဆိုးလ်၊ ဇွန် ၈ ။          ။ တောင်ကိုရီးယား အမျိုးသား အဆိုတော်အဖွဲ့ EXO အဖွဲ့သည် တတိယမြောက် တေးအယ် လ်ဘမ် “EX’ACT” နှင့်အတူ ပရိတ်သတ်များထံ   ပြန်လာမည်ဖြစ်ပြီး “EX’ACT” တေးအယ်လ်ဘမ် ကြိုတင်မှာယူ ရောင်းချရောင်းချရမှုသည် အချပ်ရေ ၆၆၈ ၁၈၀ ချပ် စံချိန်တင် ရောင်းချနိုင်ခဲ့သည်။

EXO အဖွဲ့သည် ၎င်းတို့၏ တေးအယ်လ်ဘမ်များ ကြိုတင်ရောင်းချမှု အများဆုံး စံချိန်ကို ချိုးဖျက်သွားမည် ဖြစ်သည်။ EXO အဖွဲ့သည် ၎င်းတို့၏ တတိယမြောက် တေးအယ်လ်ဘမ် “EX’ACT” ကို အချပ်ရေ တစ်သန်း ရောင်းချနိုင်မည်ဟု မျှော်မှန်းထားသည်။

“EX’ACT” တေးအယ်လ်ဘမ်ကို ဇွန် ၉ ရက် ကိုရီးယားစံတော်ချိန် ညသန်းခေါင်ယံအချိန်တွင် ထွက်ရှိသွားမည်ဖြစ်ပြီး ခေါင်းစီးတေးသီချင်း နှစ်ပုဒ်ဖြစ်သော “Monster” နှင့် “Lucky One” တို့၏ တေးသီချင်း ဗီဒီယိုများကိုလည်း ထုတ်လွှင့်ပြသသွားမည် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required