ယူရိုပြိုင်ပွဲတွင်ဗိုလ်စွဲပါက အင်္ဂလန်အသင်း ပေါင်သန်း ၅၀ ကျော်ရမည်

ယူရိုပြိုင်ပွဲတွင်ဗိုလ်စွဲပါက အင်္ဂလန်အသင်း ပေါင်သန်း ၅၀ ကျော်ရမည်

ဇွန် ၅၊ လန်ဒန်။               ။ ပြင်သစ်တွင်းကျင်းပမည့် ယူရို ၂၀၁၆ ပြိုင်ပွဲတွင် အင်္ဂလန်အသင်းဗိုလ်စွဲခဲ့ပါက အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်သည် ပေါင်သန်း ၅၀ ကျော်ရရှိမည်ဖြစ်သည်။

ဥရောပဘောလုံးအဖွဲ့ချုပ် ယူအီးအက်ဖ်အေသည် လွန်ခဲ့သည့်လေးနှစ်ကပြိုင်ပွဲထက် ဆုကြေး ၅၀ ရာခိုင်နှုန်းကျော်တိုးမြှင့်ခဲ့ပြီး ဆုကြေးစုစုပေါင်း ပေါင် ၂၃၃ သန်းသတ်မှတ်ထားသည်။

အင်္ဂလန်အသင်းသည် ခြေစစ်ပွဲအောင်ပြီး အုပ်စုအဆင့်ရောက်သောကြောင့် အခြားအသင်းများနည်းတူ ပေါင် ၆ ဒသမ ၂ သန်းမှ စတင်ရရှိမည်ဖြစ်သည်။

အုပ်စုတွင်းတွင် နိုင်ပွဲတစ်ပွဲအတွက် ပေါင် ၇၇၀, ၀၀၀ နှင့် သရေပွဲတစ်ပွဲအတွက် ၃၈၅, ၀၀၀ ရရှိမည်ဖြစ်သည်။ ၁၆ သင်းရှုံးထွက်အဆင့်ရောက်ပါက ပေါင် ၁ ဒသမ ၂ သန်း၊ ကွာတားရောက်ပါက ပေါင် ၂ သန်းရမည်ဖြစ်သည်။

အကယ်၍ ဆီမီးရောက်ပါက ပေါင် ၃ ဒသမ ၁ သန်းရမည်ဖြစ်သည်။ ဗိုလ်စွဲသည့်အသင်းမှာ ပေါင် ၆ ဒသမ ၂ သန်းရမည်ဖြစ်ပြီး ဒုတိယအသင်းမှာ ပေါင် ၃ ဒသမ ၉ သန်းရမည်ဖြစ်သည်။

ဗိုလ်စွဲပါက အင်္ဂလန်အသင်းအနေဖြင့် ဂျာစီစပွန်ဆာများ၊ ဂျာစီရောင်းချရမှုများ၊ စပွန်ဆာမှရငွေများလည်း ထပ်မံရရှိဦးမည်ဖြစ်သည်။

အင်္ဂလန်အသင်း ယူရိုနှင့် ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်သည့်နှစ်များတွင် ဂျာစီရောင်းချရမှုမှာ ပေါင် ၁ သန်းမှ ၂ သန်းသို့ တိုးမြင့်ခဲ့ သည်။

သို့ဖြစ်ရာ ယူရိုပြိုင်ပွဲမှဗိုလ်စွဲ၍ရရှိသည့်ဆုကြေးများ၊ စပွန်ဆာကြေးများ အခြားဝင်ငွေများပေါင်းပါက အင်္ဂလန်အနေဖြင့် ပေါင်သန်း ၅၀ ကျော် ရရှိနိုင်ခြင်းဖြစ်သည်။

Ref; Daily Mail

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly