၂၀၁၆ ကိုပါအမေရိကဖလားပြိုင်ပွဲတွင် ဗိုလ်စွဲရန် အာဂျင်တီးနား ရေပန်းအစားဆုံးဖြစ်နေ

၂၀၁၆ ကိုပါအမေရိကဖလားပြိုင်ပွဲတွင် ဗိုလ်စွဲရန် အာဂျင်တီးနား ရေပန်းအစားဆုံးဖြစ်နေ

ဇွန် ၃၊ အမေရိကန် ။              ။ ၂၀၁၆ ကိုပါအမေရိကဖလားပြိုင်ပွဲကြီးကို အမေရိကန်နိုင်ငံတွင် ဇွန်လ ၃ ၇က်နေ့မှ စတင်ပြီး ၂၆ ရက်နေ့အထိ ကျင်းပပြုလုပ်လျက်ရှိနေပြီ ဖြစ်သည်။

ပြိုင်ပွဲကြီး၏ သက်တမ်း နှစ် ၁၀၀ ပြည့် အထိမ်းအမှတ်အဖြစ် တောင်အမေရိကတိုက်ပြင်ပတွင် ပထမဆုံးအကြိမ်ကျင်းပမည့် ယခုပြိုင်ပွဲ၌ အာဂျင်တီးနားအသင်းမှာ ဗိုလ်စွဲရန် ရေပန်းအစားဆုံးဖြစ်လျက်ရှိသည်။

၂၀၁၄ ကမ္ဘာ့ဖလားနှင့် ၂၀၁၅ ကိုပါအမေရိကဖလားပြိုင်ပွဲများတွင် ဒုတိယဖြင့်သာ ကျေနပ်ခဲ့ရသည့် အာဂျင်တီးနားအသင်းသည် မက်ဆီ ကြံ့ခိုင်မှုပြည့်ဝနေမှု၊ ပြိုင်ဘက်များ၏ အားနည်းနေမှုနှင့် မက်ဆီ၏နိုင်ငံအသင်းနှင့် ဆုဖလားလိုချင်မှုတို့ကြောင့် ဘွတ်ကီဒိုင်များ၏ အလေးပေးမှုတွင် ၅ လေး၊ ၁ လေးဖြင့် ထိပ်ဆုံးသို့ ရောက်ရှိနေခြင်း ဖြစ်သည်။

အာဂျင်တီးနား၏နောက်တွင် မက္ကဆီကိုအသင်းက အံ့အားသင့်ဖွယ်ရာရပ်တည်လျက်ရှိသည်။ မက္ကဆီကိုအသင်းသည် ၁၉ ပွဲဆက်တိုက် ရှုံးပွဲမရှိကစားထားသောကြောင့် ယခုကဲ့သို့ ဒုတိယနေရာသို့ ရောက်ရှိနေရခြင်းဖြစ်သည်။

တတိယနေရာတွင်မှု ဘရာဇီးအသင်းက ရပ်တည်လျက်ရှိသည်။ ဘရာဇီးအသင်းသည် နေမာ မပါဝင်သော်လည်း ကော်တင်ဟို၊ ဝီလျံ၊ ဟော့ခ်၊ ဂျိုနက်စ်စသည့် ကစားသမားကောင်းများကြောင့် တတိယနေရာတွင် ရပ်တည်ခဲ့ခြင်း ဖြစ်သည်။

ပြိုင်ပွဲသမိုင်းတွင် အအောင်မြင်ဆုံးဖြစ်သည့် ဥရုဂွေးအသင်းမှာ စတုတ္ထနေရာတွင် ရှိနေပြီး လက်ရှိချန်ပီယံ ချီလီအသင်းမှာ ပဉ္စမနေရာတွင်သာ ရပ်တည်ခဲ့သည်။

မူလက အဆင့် ၂ နေရာတွင် ရှိနေသည့် ဥရုဂွေးအသင်းမှာ ဆွာရက်ဇ်၏ ကြံ့ခိုင်မှု အခြေအနေကြောင့် စတုတ္ထနေရာသို့ ရောက်ရှိသွားခြင်း ဖြစ်သည်။

ရည်ညွှန်း ဂိုးလ်ဒေါ့ကွန်း

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly