ကမ္ဘာ့အမြင့်ဆုံး ဧဝရတ်တောင်ထိပ်ရောက် မြန်မာသုံးဦး ပြန်ရောက်ပြီ

ကမ္ဘာ့အမြင့်ဆုံး ဧဝရတ်တောင်ထိပ်ရောက် မြန်မာသုံးဦး ပြန်ရောက်ပြီ
ဓာတ်ပုံ-သူရ

ရန်ကုန်၊ မေ ၂၅ ။                 ။ အမြင့်ပေ ၂၉၀၂၉ရှိသည့် ကမ္ဘာ့အမြင့်ဆုံး ဧဝရတ်တောင် ထိပ်ထိ ရောက်ရှိခဲသည့် မြန်မာနိုင်ငံ ခြေလျင်နှင့်တောင်တက်အဖွဲ့ချုပ်မှ အဖွဲ့ဝင်သုံးဦ  မေ ၂၅ ရက်နေ့က ရန်ကုန်မြို့ကို ပြန်လည်ရောက်ရှိ လာပါပြီ။

ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်ကို နံနက် ၈နာရီ ၅၀ မိနစ်အချိန်တွင် နီပေါနိုင်ငံမှတစ်ဆင့် လေယာဉ်ဖြင့် ရောက်ရှိလာခြင်းဖြစ်သည်။

ဧဝရတ်တောင်ထိပ်ထိ တက်နိုင်ခဲ့သူ ကိုဝင်းကိုကို၊ ကိုပြည့်ဖြိုးအောင်နှင့် ကိုညီညီအောင်(ခ)ဒိုးလုံးတို့အား မြန်မာနိုင်ငံခြေလျင်နှင့် တောင်တက်အဖွဲ့ချုပ်၏ နာယက ထူးကုမ္ပဏီများ အုပ်စု၏ ဥက္ကဋ္ဌဖြစ်သော ဦးတေဇ အပါအဝင် ပြည်သူများက သွားရောက်ကြိုဆိုဂုဏ်ပြုခဲ့ကြသည်။

"ကျွန်တော်တို့နိုင်ငံက အခု ကမ္ဘာပေါ်မှာ .. ပြောမယ်ဆိုရင် အာဆီယံနိုင်ငံမှာရော ကမ္ဘာ့အဆင့် ရပ်တည်လို့ရပြီ" လို့ ကိုပြည့်ဖြိုးအောင်က လေဆိပ်အရောက် မီဒီယာများကို ပြောသည်။

၎င်းတို့သုံးဦးသည် မတ်လ ၂၆ရက်က မြန်မာနိုင်ငံမှ စတင်ထွက်ခွာခဲ့ပြီး ကိုပြည့်ဖြိုးအောင် နှင့် ကိုဝင်းကိုကိုတို့ နှစ်ဦးက မေ ၁၉ရက် နံနက် ၇နာရီ ၁၇ မိနစ်၌ ဧဝရတ်တောင်ထိပ်ကို အောင်မြင်စွာ ခြေချနိုင်ခဲ့ခြင်းဖြစ်သည်။

တောင်တက်သမား သုံးဦးတို့က ၎င်းတို့၏ အတွေ့အကြုံများကို လာမည့် မေ ၂၇ရက်တွင် ရန်ကုန်မြို့ Park Royal ဟိုတယ်တွင် သတင်းမီဒီယာများနှင့် တွေ့ဆုံကာ ရှင်းလင်းသွားမည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required