ပထမဆုံး အကြိမ် ဆယ်ကျော်သက်လူငယ်ညီလာခံ ကျင်းပမည်

ပထမဆုံး အကြိမ် ဆယ်ကျော်သက်လူငယ်ညီလာခံ ကျင်းပမည်
တောင်ကြီးမြို့က လူငယ်များ စုပေါင်းပြီး ပြုလုပ်သည့် စစ်ပွဲများရပ်တန့်ရေး လှုပ်ရှားမှုတစ်ခုတွင် တွေ့ရသော လူငယ်များ။ (ဓာတ်ပုံ-မဇ္ဈိမ)

ရန်ကုန်၊ မေ ၁၃ ။                 ။ မြန်မာနိုင်ငံတွင် ပထမဆုံးအကြိမ် ဆယ်ကျော်သက်လူငယ်ညီလာခံအား လူမှုဝန်ထမ်းဦးစီးဌာနမှ ကြီးမှူးပြီး မေ ၁၈၊ ၁၉ ရက်တွင် နေပြည်တော်၌ ကျင်းပမည်ဖြစ်သည်။

ယင်းညီလာခံတွင် ဆယ်ကျော်သက်လူငယ်များ၏ လိုအပ်ချက်များ၊ အရေးကြီးသည့်အရာများအား ဒေသဆိုင်ရာ ဆယ်ကျော်သက်လူငယ်အချင်းချင်း ဆွေးနွေးခြင်းအပြင် လူငယ်များ နှင့် ဌာနဆိုင်ရာ လွှတ်တော်အမတ်များ၊ ကဏ္ဍအလိုက် ဝန်ကြီးဌာနများမှ ကိုယ်စားလှယ်များနှင့် ဆွေးနွေးညှိနှိုင်းသွားမည့် အစီအစဉ်လည်း ပါဝင်သည်။

ယင်းညီလာခံသည် အစိုးရ နှင့် ဆက်ကျော်သက်လူငယ်များကို ချိတ်ဆက်ပေးနိုင်ရန် အဓိက ရည်ရွယ်ကြောင်း နှင့် ဆယ်ကျော်သက်လူငယ်များကြားရှိ ပြဿနာများ၊ အသံများကို တိုက်ရိုက်ပြောကြားနိုင်ရန် ပွဲစီစဉ်သည့် အဖွဲ့တွင် ပါဝင်သည့် ပြုလုပ်ခြင်းဖြစ်ကြောင်း Actionaid Mynamarမှ Adolescent Engament မန်နေဂျာ ဒေါ်ခင်သန္တာမြင့်က မဇ္ဈိမကို ပြောသည်။

ညီလာခံတွင် မြန်မာပြည် အနှံ့အပြားရှိ ဆယ်ကျော်သက်လူငယ်များသည် အသက်ရွယ်အားဖြင့် ၁၃ မှ ၁၉ နှစ်ထိ ကျောင်းနေသည့် ဆယ်ကျော်သက်များ၊ အလုပ်လုပ်နေသည့် ဆယ်ကျော်သက်လူငယ်များ၊ ဝေလံခေါင်ဖျားသည့်ဒေသများမှ ဆယ်ကျော်သက်လူငယ်များ နှင့် မသန်စွမ်းဆယ်ကျာ်သက်လူငယ်များ ပါဝင်မည်ဖြစ်သည်။ ညီလာခံတက်ရောက်ရန် စာရင်းပေးထားသူမှာ ယနေ့ မေလ ၁၃ရက်အထိ ၃၉၀- ၄၀၀ ဝန်းကျင် ရှိနေပြီဖြစ်ပြီး ညီလာခံတွင် လူငယ် ၆၀၀ခန့် ရှိနိုင်သည်ဟုလည်း ၎င်းက ခန့်မှန်းသည်။

ဆယ်ကျော်သက်လူငယ်ညီလာခံကို မေလ ၁၈ရက် နှင့် ၁၉ရက်၌ နေပြည်တော်ရှိ မင်္ဂလာသီရိဟိုတယ်တွင် ကျင်းပမည်ဖြစ်ပြီး Actionaid Myanmar နှင့် Unicef Myanmar တို့က ပူးပေါင်းကျင်းပမည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required