Bo Bo Anniversary တေးအယ်ဘမ် ထွက်ရှိမည်

Bo Bo Anniversary တေးအယ်ဘမ် ထွက်ရှိမည်

ရန်ကုန် ၊ မေလ ၁၂ ။        ။ အဆိုတော်များ၏ တေးအယ်ဘမ် များကို ထုတ်လုပ် ဖြန့်ချိ ပေးလျက် ရှိသည့် Bo Bo Entertainment မှ Bo Bo Anniversary Album Vol 1,2 Audio CD တေးအယ်ဘမ်ကို မေ ၂၅ရက်တွင် မြန်မာတစ်နိုင်ငံလုံးသို့ စတင် ဖြန့်ချိ သွားမည် ဖြစ်သည်။

 တေးအယ်ဘမ် ၂ချပ် တွင် တေးသီချင်းပေါင်း အပုဒ် ၃၀ကျော် ပါဝင်မည် ဖြစ်ပြီး နာမည်ကြီး အဆိုတော် များ အပြင် တက်သစ်စ အဆိုတော်သစ် များလည်း ပါဝင် သီဆို ထားကြသည်။

 Bo Bo Entertainment မှ ကိုဘိုဆန်း က "ဒီအခွေကို စီစဉ်နေတာ ၂ နှစ်လောက် ရှိပါပြီ။ အဆိုတော်သစ် တွေကို လက်တွဲ ခေါ်ချင်ကြတဲ့ အတွက် ဝါရင့် အဆိုတော်တွေက မေတ္တာ နဲ့ ကူညီ ပေးကြတာပါ။ အဲ့ဒီ အတွက် ဝါရင့်အဆိုတော်တွေကိုလည်း ကျေးဇူးတင်ပါတယ်" ဟု ပြောသည်။

အဆိုတော်များ အနေဖြင့် ဟဲလေး ၊ မိုးမိုး ၊ ဝေလ ၊ ဝန ၊ ဂျောက်ဂျက် ၊ ကျော်ထွဋ်ဆွေ ၊ Ar-T ၊ လွှမ်းပိုင် ၊ ရဲရင့်အောင် ၊ ရွှေထူး ၊ X-Box ၊ ထက်ယံ ၊ Lil-Z ၊ Oasix ၊ Y-Zet ၊ အိမ့်ချစ် ၊ မိစန္ဒီ ၊ Bobby Soxer ၊ အမွန်း ၊ Char Char ၊ နန်းသူဇာ ၊ ဂေဂေး ၊ ဝိုင်းလေး ၊ ဝင့်ယမုံလှိုင် ၊ ညလင်းထယ် ၊ ဟိန်းသစ် ၊ ဖြိုးပြည့်စုံ ၊ Spider ၊ နက်ကျော် ၊ MHL ၊ ဇေရဲ ၊ T-Mix ၊ The Edge ၊ Lil-Chan ၊ Cykolamp ၊ စာခြောက်ရုပ် ၊ Mg Thiha ၊ Jimmy Jacobs ၊ ထျန်ခေး ၊ မိုးဇက်(Bone+) ၊ ထက်မွန် ၊ Six Thu ၊ ဟိန်းမင်းသူ ၊ Eternal Gosh ၊ နံရိုး ၊ အာဒံဦး ၊ နောင်ရိုး ၊ ဥဂ္ဂါ ၊ Version-X ၊ C Zar ၊ Xero ၊ Arrdan ၊ Sai Mai ၊ ဂျူးဂျူး ၊ ပြုံးအသင်္ချေ ၊ ဆုထက်လှိုင် ၊ နန်းရတီခိုင် တို့မှ ပါဝင် သီဆို ထားကြသည်။

အဆိုတော် ကျော်ထွဋ်ဆွေ က " ကျွန်တော် ဒီအခွေ ထဲမှာ ရန်ကုန်ဂေါ်လီ ဆိုတဲ့ သီချင်းလေး ထည့်ထား ပါတယ်။ ကျွန်တော် ကိုယ်တိုင်ပဲ ရေးတာပါ။ ရန်ကုန်မြို့က အရမ်း ဂေါ်လီ ကျတဲ့ ကောင်မလေးတွေ အကြောင်း ကို ရေးထားတာပါ" ဟု ပြောသည်။

Bo Bo Anniversary Album Vol 1,2 Audio CD တေးအယ်ဘမ် ပရိုမိုးရှင်းပွဲကို မေ ၂၅ရက်တွင် ရန်ကုန်မြို့ရှိ လှည်းတန်းစင်တာ၌ ကျင်းပ ပြုလုပ် သွားမည် ဖြစ်ပြီး ပါဝင်သည့် အဆိုတော်များမှ အမှတ်တရ လက်မှတ် ရေးထိုး ပေးကြမည် ဖြစ်သည်။

ပထမဆုံး အခွေ ဝယ်ယူသူ အယောက် ၅၀၀ ကို မေလ ၂၈ရက်တွင် ကန်တော်ကြီး မျှော်စင်ကျွန်း၌ Bo Bo Entertainment မှ ကျင်းပ ပြုလုပ်မည့် EDM Music Festival ရှိုးပွဲ လက်မှတ် များကို လက်ဆောင် ပေးသွား မည် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required