လေးနိုင်ငံဖိတ်ခေါ်ပြိုင်ပွဲတွင် မြန်မာအသင်း စင်ကာပူနှင့် ကစားရမည်

လေးနိုင်ငံဖိတ်ခေါ်ပြိုင်ပွဲတွင် မြန်မာအသင်း စင်ကာပူနှင့် ကစားရမည်
စင်ကာပူနှင့်မြန်မာတို့ခြေစမ်းပွဲယှဉ်ပြိုင်ကစားနေစဉ်

မေ ၄၊ ရန်ကုန်။              ။ မြန်မာနိုင်ငံတွင် ဇွန်လ ၃ရက်နှင့် ၆ရက်နေ့များ၌ကျင်းပမည့် လေးနိုင်ငံဖိတ်ခေါ်ဘောလုံးပြိုင်ပွဲ(AYA Bank Cup 2016) တွင် မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းမှာ စင်ကာပူလက်ရွေးစင်အသင်းနှင့်ကစားရမည်ဖြစ်သည်။

ယင်းပြိုင်ပွဲတွင် အိမ်ရှင်မြန်မာအသင်းအပါအဝင် ဟောင်ကောင်၊ ဗီယက်နမ်၊ စင်ကာပူအသင်းများဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး ဆီမီးဖိုင်နယ်အဆင့်မှ စတင်ကစားရမည်ဖြစ်ကာ ပွဲစဉ်(၁)အဖြစ် ဇွန်လ ၃ရက်ညနေ ၃း၃၀နာရီတွင် ဗီယက်နမ်နှင့်ဟောင်ကောင်၊ ညနေ ၆း၁၅နာရီတွင် မြန်မာနှင့်စင်ကာပူအသင်းတို့ကစားရမည်ဖြစ်သည်။ မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းမှာ ၂၀၁၆ ဆူဇူကီးဖလားပြိုင်ပွဲ အတွက် ပြင်ဆင်နေသောအသင်းဖြစ်ပြီး နည်းပြချုပ် ဂတ်ဇီဆီ၏ဦးဆောင်မှုဖြင့် လေ့ကျင့်မှုများပြုလုပ်နေကာ နောက်ဆုံးကစားခဲ့သော ခြေစမ်းပွဲတွင် မြန်မာနေရှင်နယ်လိဂ်နိုင်ငံခြားသားများ အသင်းနှင့် တစ်ဂိုးစီသရေကျထားသည်။

လေးနိုင်ငံဖိတ်ခေါ်ဘောလုံးပြိုင်ပွဲတွင် တွေ့ဆုံနေသည့် စင်ကာပူနှင့်မြန်မာအသင်းတို့မှာ ၂၀၁၄ခုနှစ်မှ ၂၀၁၆ခုနှစ်အတွင်း နှစ်ကြိမ်တွေ့ဆုံဖူးပြီး စင်ကာပူအသင်းက ၄-၂ဂိုး၊ ၂-၁ဂိုးများဖြင့် နှစ်ကြိမ်စလုံး အနိုင်ရထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required