စစ်ကောင်စီ၏ ဆောက်လက်စ ထားဝယ် အကျဉ်းထောင်အသစ် မီးရှို့ဖျက်ဆီးခံရ

By ကိုရွှေမြိတ်(မဇ္ဈိမ)
03 December 2023
စစ်ကောင်စီ၏ ဆောက်လက်စ ထားဝယ် အကျဉ်းထောင်အသစ် မီးရှို့ဖျက်ဆီးခံရ
ဓာတ်ပုံ- CJ

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ ဇီးကျကျေးရွာတွင် ယနေ့ ဒီဇင်ဘာလ ၃ ရက် နံနက် ၉ နာရီခွဲ အချိန်ခန့်က  စစ်ကောင်စီ၏ တည်ဆောက်‌လျက်ရှိသည့် ထားဝယ်အကျဉ်းထောင်အသစ် မီးရှို့ဖျက်ဆီးခံ လိုက်ရကြောင်း ဒေသခံများထံက သိရသည်။

“စက်ယန္တရားတွေနဲ့ အလုပ်သမား တန်းလျားတွေကို မီးရှို့ဖျက်ဆီး ခဲ့သလို အလုပ်သမား အချို့ကိုပါ ခေါ်သွားတယ်လို့ ကြားတယ် သေချာတော့ မသိရသေးဘူး”ဟု အလုပ်သမားများနှင့် နီးစပ်သည့် ဒေသခံတဦးက ပြောသည်။

အဆိုပါ  ဆောက်လုပ်ဆဲ အကျဉ်းထောင်အသစ်သည် ထားဝယ် နည်းပညာတက္ကသိုလ် အနီးတွင် တည်ရှိပြီး တည်ဆောက်ရေး ကာလ လေးလခန့်သာ ရှိသေးကြောင်း ဒေသခံများ၏ ပြောဆိုချက်များအရ သိရသည်။

“အခုချိန် အထိတော့ ဘယ်အဖွဲ့က လုပ်တယ် ဆိုတာ မသိရသေးပါဘူး။ ဒါပေမဲ့ ပြည်သူ့ကာကွယ်ရေး အဖွဲ့က လုပ်တယ် ဆိုတာတော့ အတည်ပြုလို့ ရနိုင်ပါတယ်။ မကြာခင် သတင်း ထုတ်ပြန်လာလိမ့်မယ်လို့ ထင်တယ်”ဟု PDF ရဲဘော်တဦးက ပြောသည်။

ယခင်ကလည်း  ယင်းအကျဉ်းထောင်၏ ဆောက်လုပ်ရေး လုပ်ငန်းခွင်ရှိ ထောင်ဝန်ထမ်း နှစ်ဦးကို ကာကွယ်ရေးတပ်ဖွဲ့တခုက ဖမ်းဆီးသတ်ဖြတ်ခဲ့ပြီး အကျဉ်းသား ငါးဦးကို လွတ်မြောက်နယ်မြေသို့ ပို့ဆောင်ပေးခဲ့သည့်ဖြစ်ရပ် ဖြစ်ပွားခဲ့သေးသည်။

စာတည်း။         ။  ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။အောင်ကျော်ဖြိုး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly