စီရော်နယ်ဒို မန်ယူသို့ ပြန်ပြောင်းမည် မဟုတ်ဟု မိခင်ဖြစ်သူ ပြောကြား

စီရော်နယ်ဒို မန်ယူသို့ ပြန်ပြောင်းမည် မဟုတ်ဟု မိခင်ဖြစ်သူ ပြောကြား

ဧပြီ ၂၉၊ စပိန် ။          ။ စီရော်နယ်ဒိုသည် ရီးယဲလ်အသင်းတွင် ပျော်ရွှင်နေပြီး ကစားသမားဘဝကို ကြယ်စင်စုအသင်းတွင်သာ ကုန်ဆုံးရန် အလိုရှိနေသည်ဟု ၎င်း၏ မိခင်ဖြစ်သူက ပြောဆိုလိုက်သည်။

စီရော်နယ်ဒို၏ မိခင် ဒိုလိုရက်စ်အဗီရိုသည် သူမ၏ အတ္တုပတ္တိ စာအုပ်မိတ်ဆက်ပွဲ အခမ်းအနားတွင် ယခုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

စီရော်နယ်ဒိုသည် ယခုနှစ်ရာသီတွင် ရီးယဲလ်အသင်းအတွက် ၄၄ ပွဲကစားပြီး ၄၇ ဂိုးသွင်းယူပေးထားသူ ဖြစ်သည်။ ရာသီအစပိုင်းက နည်းပြ ဘင်နီတက်ဇ်နှင့် အဆင်မပြေဖြစ်ခဲ့သည့်အတွက် မန်ယူသို့ ပြန်လည်ပြောင်းရွှေ့တော့မည်ဟု သတင်းများထွက်ပေါ်ခဲ့သော်လည်း နည်းပြသစ် ဇီဒန်းလက်အောက်တွင် ပြန်လည်ခြေစွမ်းပြကစားလာနိုင်သူ ဖြစ်သည်။

စီရော်နယ်ဒိုသည် ရီးယဲလ်အသင်းအတွက် ဂိုးပေါင်း ၃၆၀ အထိသွင်းယူပေးထားပြီး အသင်း၏ဂိုးသွင်းအများဆုံးကစားသမားအဖြစ် ရပ်တည်နေသူလည်း ဖြစ်သည်။

'စီရော်နယ်ဒိုက ဒီမှာ ပျော်နေပါတယ်။ သူ ရီးယဲလ်မှာပဲ ကစားသမားဘဝကို အဆုံးသတ်ဖို့ အလိုရှိနေပါတယ်။' ဟု ၎င်း၏ မိခင်က ပြောသည်။

Ref: Daily Mail

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required