လက်ဝတ်ရတနာ ကုမ္ပဏီ J.Estina ကို တရားစွဲဆိုမယ့် ဆောင်းဟေဂျို( အွန်စော)

လက်ဝတ်ရတနာ ကုမ္ပဏီ J.Estina ကို တရားစွဲဆိုမယ့် ဆောင်းဟေဂျို( အွန်စော)

တောင်ကိုရီးယား မင်းသမီး ဆောင်းဟေဂျို (အွန်စော)သည် အရောင်းတင်မြှင့်ရေးအတွက် ၎င်း၏ ဓာတ်ပုံများကို အသုံးပြုခဲ့မှုအတွက် လက်ဝတ်ရတနာကုမ္ပဏီ J.Estina ကို တရားစွဲထားသည်။

J.Estina ကုမ္ပဏီနှင့် ချုပ်ဆိုထားသော စာချုပ်သည် ဇန်နဝါရီလက ကုန်ဆုံးခဲ့ပြီဖြစ်သော် လည်း ကုမ္ပဏီသည်  အရောင်းမြှင့်တင်ရေးအတွက် အွန်စော၏ ဓာတ်ပုံများကို အသုံးပြုနေကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

“လက်ဝတ်ရတနာကုမ္ပဏီဟာ သူတို့ရဲ့ တရားဝင် ဝက်ဆိုက်ဘ်နဲ့ လူမှုရေးကွန်ရက်တွေကနေ တစ်ဆင့် အွန်စောရဲ့ ဓာတ်ပုံတွေကို အသုံးပြုပြီး သူတို့ရဲ့ ထုတ်ကုန်တွေ အရောင်းတင်မြှင့်ရေးကို လုပ်ဆောင်နေပါတယ်” ဟု ဥပေဒေ အေဂျင်စီက ပြောကြားသည်။

အွန်စောသည် ၂၀၁၄ ခုနှစ်က ၎င်းတို့၏ အမှတ်တံဆိပ်ကို ကြေညာပေးဖို့အတွက် စာချုပ်ချုပ် ဆိုခဲ့ကြောင်းနှင့် ယင်းစာချုပ်သည် ဇန်နဝါရီလက သက်တမ်းကုန်ဆုံးခဲ့ပြီး ကုမ္ပဏီသည် စာချုပ်သက် တမ်း ထပ်မံတိုးခဲ့ခြင်း မရှိပေ။

၂၀၁၃ ခုနှစ်ကလည်း ကုမ္ပဏီသည် ခွင့်ပြုချက်မရှိဘဲ ၎င်းတို့၏ လက်ဝတ်ရတနာပစ္စည်းများ အရောင်းမြှင့်တင်ရေးအတွက် “The Winter, the Wind Blows” ဇာတ်ကားတွင် ပါဝင်သော အွန်စော၏ ဓာတ်ပုံများကို အသုံးပြုခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required