တတိယ အကြိမ် Miss Myanmar World 2016 Grand Final ပွဲကို ဇွန် ၄ရက်တွင် ပြုလုပ်မည်

တတိယ အကြိမ် Miss Myanmar World 2016 Grand Final ပွဲကို ဇွန် ၄ရက်တွင် ပြုလုပ်မည်

ရန်ကုန်၊ ဧပြီ ၂၈ ။               ။ Forever BEC-Tero မှ ဦးစီး ကျင်းပမည့် တတိယ အကြိမ်မြောက် Miss Myanmar World 2016 အလှမယ် ပြိုင်ပွဲ Grand Final ကို ဇွန်လ ၄ရက်တွင် ရန်ကုန်မြို့ Gandamar Wholesale ရှိ Gandamar Ballroom တွင် ကျင်းပသွားမည် ဖြစ်သည်။

တတိယ အကြိမ်မြောက် Miss Myanmar World 2016 အလှမယ် ပြိုင်ပွဲ ကျင်းပမည့်အကြောင်း စာနယ်ဇင်းများ နှင့် မိတ်ဆက် ပေးသည့် အခမ်းအနားကို ဧပြီ ၂၈ရက်တွင် ရန်ကုန်မြို့ရှိ ချက်ထရီယမ် ဟိုတယ်၌ ကျင်းပ ပြုလုပ်ခဲ့သည်။

Miss World တွင် မြန်မာနိုင်ငံ ကိုယ်စားပြု အဖြစ် ဝင်ရောက် ယှဉ်ပြိုင်ရန် မြန်မာနိုင်ငံ ကိုယ်စားပြု အလှမယ်ရွေးချယ်ပွဲကို ပထမဆုံး အကြိမ်အဖြစ် Forever BEC-Tero မှ ၂၀၁၄ ခုနှစ်တွင် စတင် ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

Miss Myanmar World Organizationမှ ကိုစိုးသူရက "ကျွန်တော်တို့ ဒီနှစ်မှာ Miss Myanmar World 2016 ပြိုင်ပွဲ ကို လေ့ကျင့်မှုတွေ ပိုလုပ် ချင်တဲ့ အတွက် စောပြီး ကျင်းပ ပြုလုပ် ဖြစ်တာပါ။ Miss Myanmar World 2016 ရရှိသူကိုလည်း ပြိုင်ပွဲ ပြီး သွားရင် Personal Training ကို ရန်ကုန်နဲ့ ဘန်ကောက်တို့မှာ ဆက်ပြီး ပြုလုပ်ပေးသွားမှာပါ" ဟု ပြောသည်။

လူတွေ့စစ်ဆေးမှုများကို ဧပြီ (၂၉) ရက် မှ မေလ (၃) ရက်တွင်  ပြုလုပ်သွားမည် ဖြစ်ပြီး လာရောက် လျှောက်ထားသူများထဲမှ အယောက် (၅၀) ကို ရွေးချယ်ကာ Body Check Up  ပြုလုပ်သွားမည် ဖြစ်သည်။ ထိုအယောက် ၅၀ ထဲမှ ဒုတိယအကြိမ် စိစစ် ရွေးချယ်မှု ပြုလုပ်မည် ဖြစ်ကာ နောက်ဆုံး ဆန်ကာတင် အယောက် ၂၀ ဦးကို ထပ်မံ ရွေးချယ်သွားမည် ဖြစ်သည်။

နောက်ဆုံး ဆန်ကာတင် အယောက် ၂၀ ဦး ကို Miss Myanmar World Organization နှင့်အတူ Make Up Training များ၊ Show Director Mr. Brian Jeremiah မှ Cat Walk Training၊ Portrait Shooting ၊ CSR Activity များကို ပြုလုပ်သွားရမည် ဖြစ်ပြီး  Activity Camp ကာလ အတွင်း နိုင်ငံခြားခရီးစဉ်အနေဖြင့် ဘန်ကောက် နှင့် ချင်းမိုင်မြို့သို့ သွားရောက်ပြီး Activity များလည်း ပြုလုပ်မည် ဖြစ်သည်။

Miss Myanmar World 2016 မှ ရရှိမည့် ဆုကြေးများမှာ Miss Myanmar World 2016 Winner အနေဖြင့် Phuket Pearl မှ Crown ပေးမည့် အပြင် ကျပ်သိန်း (၁၀၀) ကိုရရှိမှာ ဖြစ်ပြီး 1st Runner Up ဆုရှင်က ကျပ် သိန်း (၅၀) နှင့် 2nd  Runner Up ဆုရှင်က ကျပ်သိန်း (၃၀) ရရှိမည်  ဖြစ်သည်။

Miss Myanmar World 2016 Activity လှုပ်ရှားမှုများကို Channel-7 ရုပ်သံလိုင်းတွင် မေလ ၁၄ရက် မှ ၂၉ရက် အထိ အပတ်စဉ် စနေ၊ တနင်္ဂနွေနေ့တိုင်း ည ၇နာရီ ၁၅မိနစ် မှ ၇နာရီ ၄၅ မိနစ် အထိ ထုတ်လွှင့် ပြသသွားမည် ဖြစ်ပြီး Grand Final ပွဲကြီးကိုလည်း ဇွန်လ ၄ရက်တွင် ည ၇နာရီ မှ ၁၀နာရီ အထိ Channel-7 ရုပ်သံလိုင်းတွင် တိုက်ရိုက် ထုတ်လွှင့် ပြသ သွားမည် ဖြစ်သည်။

၂၀၁၅ ခုနှစ်တွင် အင်ဒိုးနီးရှား နိုင်ငံ ဘာလီကျွန်း၌ ကျင်းပ ပြုလုပ်ခဲ့သည့် Miss World 2015 ပြိုင်ပွဲသို့ မြန်မာနိုင်ငံ ကိုယ်စားပြု အဖြစ် Miss Myanmar World 2015 အဖြစ် အလှမယ် ခင်ရတနာသိန်းမြင့်မှ ဝင်ရောက် ယှဉ်ပြိုင်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required