ရီးယဲလ်ကွင်းတွင်ကြောက်စရာမလိုဟု မန်စီးတီးနည်းပြပယ်လီဂရီနီပြော

ရီးယဲလ်ကွင်းတွင်ကြောက်စရာမလိုဟု မန်စီးတီးနည်းပြပယ်လီဂရီနီပြော

ဧပြီ ၂၇၊ မန်ချက်စတာ။              ။ ရီးယဲလ်မက်ဒရစ်နှင့်ရင်ဆိုင်ရမည့် ချန်ပီယံလိဂ်ဒုတိယအကျော့ပွဲစဉ်တွင် ဒေးဗစ်ဆေးဗားပါဝင်နိုင်ခြင်းမရှိသော်လည်း မန်စီးတီးအသင်းအနေ ဖြင့်   ကြောက်ရွံ့နေမည်မဟုတ်ဟု နည်းပြပယ်လီဂရီနီက ပြောဆိုလိုက်သည်။

မန်စီးတီးအသင်းသည် အင်္ဂါနေ့က အီတီဟတ်ကွင်းတွင်ကစားခဲ့သော ပထမအကျော့ပွဲစဉ်၌ ဂိုးမရှိသရေကျခဲ့သဖြင့် ဗိုလ်လုပွဲသို့ ပထမဆုံး အကြိမ်တက်ရောက်နိုင်ရန် မျှော်လင့်လာနိုင်ပြီဖြစ်သည်။

ကွင်းလယ်ကစားကွက်ဖန်တီးရှင် ဆေးဗားမှာမူ မေ ၄ တွင်ကစားမည့် ဒုတိယအကျော့ကို ဒူးကောက်ကြောဒဏ်ရာကြောင့်လွဲမည်ဖြစ်သည်။

ရီးယဲလ်မက်ဒရစ်အသင်းမှာ ယခုနှစ်ချန်ပီယံလိဂ်တွင် အိမ်ကွင်းပေးဂိုးမရှိသေးသည့်အသင်းဖြစ်သည်။ ပထမပိုင်းတစ်ပိုင်းလုံး ဂိုးကန်ခွင့် တစ်ကြိမ်မှမရခဲ့သည့် မန်စီးတီးအသင်းအနေဖြင့် ဒုတိယအကျော့တွင် ဥရောပချန်ပီယံ ၁၀ ကြိမ်ရ ရီးယဲလ်ကိုရင်ဆိုင်ရသည့်အခါ ဆေးဗား မပါနိုင်ခြင်းကြောင့် ပိုမိုခက်ခဲဖွယ်ရှိနေသည်။

"ကံမကောင်းတာက ကျွန်တော်တို့ဟာ ရီးယဲလ်ထက်အနားယူချိန်တစ်ရက်ပိုနည်းခဲ့ပါတယ်။ ဒါပေမဲ့ စပိန်မှာကစားရတဲ့အခါ ကျွန်တော်တို့ရဲ့ လုပ်နိုင်စွမ်းအပေါ်ယုံကြည်မှုရှိပြီး အဲဒီပွဲမှာ ကျွန်တော်တို့အစွမ်းကုန်ကစားသွားမှာပါ။

ဒုတိယအကျော့ကို အိမ်ကွင်းကစားရမယ့်ရီးယဲလ်မှာ အားသာချက်ရှိတာတော့မှန်ပါတယ်။ ဒါပေမဲ့ကျွန်တော်တို့ရဲ့ အဝေးကွင်းစွမ်းရည်ကို ဆီဗီလာ၊ ဒိုင်နမိုကိဗ်၊ ပီအက်စ်ဂျီတို့နဲ့ပွဲတွေမှာ ပြခဲ့ပြီးပါပြီ"ဟု ပယ်လီဂရီနီက ပြောသည်။

Ref; BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required