ဟားမတ်စ် စစ်သွေးကြွတွေက ဂါဇာဒေသဖက်ကို ဖမ်းဆီးခေါ်ဆောင်သွားတာခံရတဲ့ အစ္စရေး ဓါးစာခံ ၂၄၀ နီးပါးရဲ့ မိသားစုတွေက Tel Aviv မြို့ကနေ Jerusalem မြို့ကို ၅ ရက်ကြာလမ်းလျှောက် ဆန္ဒပြတာ စတင်လိုက်ကြပါတယ်။ အဖမ်းခံရတဲ့ သူတို့မိသားစုဝင်တွေ လွတ်မြောက်ရေးအတွက် အစ္စရေးအစိုးရအနေနဲ့ ပိုမိုကြိုးစားပေးစေချင်တယ်လို့လည်း ပြောပါတယ်။ ဒီအကြောင်း Tel Aviv မြို့ကနေ Linda Gradstein သတင်းပေးပို့ထားတာကို ကိုခင်မောင်စိုးမင်း က တင်ဆက်ထားပါတယ်။
#မဇ္ဈိမအတွက်ဗွီအိုအေ
#MizzimaTV