သဘာဝဘေးဒဏ်တွေရင်ဆိုင်နိုင်ရေး မသန်စွမ်းသူတွေကို အစိုးရပိုင်းက ကြိုတင်ပြင်ဆင်ပေးတာမျိုး လွန်ခဲ့တဲ့ဆယ်နှစ်ကနေ ကနေ့ထိ ကမ္ဘာတဝန်းလုံးမှာ လစ်ဟင်းနေတာကို ကုလသမဂ္ဂရဲ့ ဆန်းစစ်မှုတွေမှာတွေ့ရပါတယ်။ အလားတူ စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်နေရတဲ့မြန်မာနိုင်ငံတွင်းက မသန်စွမ်းသူတွေအနေနဲ့ သဘာဝဘေး ဘယ်လို ရင်ဆိုင်နေကြပါလဲ။ နန်းလောင်ဝ်က မေးမြန်းတင်ပြထားပါတယ်။