ကနေဒါတွင် အိန္ဒိယဗီဇာဝန်ဆောင်မှုများ ပြန်စတင်

By Times Travel
29 October 2023
ကနေဒါတွင် အိန္ဒိယဗီဇာဝန်ဆောင်မှုများ ပြန်စတင်

အိန္ဒိယသည် ကနေဒါတွင် ဗီဇာဝန်ဆောင်မှုအချို့ကို အောက်တိုဘာ ၂၆ ရက်မှစတင်၍ ပြန်လည် ဆောင်ရွက်ပေးနေပြီဖြစ်ကြောင်း အော့တာဝါရှိ အိန္ဒိယသံရုံးက ထုတ်ပြန်သည်။

အဆိုပါဝန်ဆောင်မှုများကို သံတမန်ရေးရာအငြင်းပွားမှုအပြီး ယခုနှစ်စက်တင်ဘာလက ရပ်ဆိုင်းခဲ့ခြင်းဖြစ်သည်။

ပြည်ဝင်ခွင့်ဗီဇာ၊ လုပ်ငန်းဗီဇာ၊ ဆေးဘက်ဆိုင်ရာနှင့် အစည်းအဝေးဗီဇာ စသည်တို့အတွက်သာ ဝန်ဆောင်မှုပေးခြင်း ဖြစ်သည်။

အခြေအနေများအား အကဲဖြတ်နေမှုအပေါ် အခြေခံ၍ နောက်ထပ်ဆုံးဖြတ်ချက်များကို သင့်တော်သလို ချမှတ်သွားမည်ဟု တာဝန်ရှိသူများက ပြောသည်။ ဝင်ခွင့်ဗီဇာများသည် အိန္ဒိယနွယ်ဖွားများ၊ ၎င်းတို့၏ ခင်ပွန်း သို့မဟုတ် ဇနီးများ၊ ကလေးများနှင့် အိန္ဒိယနိုင်ငံသားတစ်ဦး၏ ဆွေမျိုးရင်းချာဖြစ်ရန် လိုအပ်သည်ဟု ဆိုသည်။

လက်ရှိတွင် ခရီးသွားဗီဇာရလိုသူများအတွက် ဗီဇာဝန်ဆောင်မှုများ ရ မရကိုမူ ရှင်းရှင်းလင်းလင်း မသိရသေးပေ။

အိန္ဒိယသံတမန်များ၏ ဘေးကင်းလုံခြုံရေးအခြေအနေ ကောင်းပါက အိန္ဒိယသည် ကနေဒါနိုင်ငံသားများအတွက် ဗီဇာဝန်ဆောင်မှုများကို မကြာမီ ပြန်လည်စတင်ရန် စဉ်းစားနေကြောင်း အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး အက်စ်ဂျိုင်ရှန်ကာက ပြောကြားခဲ့သည်။ခရီးသွားဗီဇာရှာဖွေနေသူများအတွက်လည်း ဝန်ဆောင်မှုများ

အိန္ဒိယသံရုံးသည် လုံခြုံရေးအခြေအနေကို ပြန်လည်သုံးသပ်ပြီးနောက် (က) ပြည်ဝင်ခွင့်ဗီဇာ၊ (ခ) လုပ်ငန်းဗီဇာ၊ (ဂ) ဆေးဘက်ဆိုင်ရာ ဗီဇာနှင့် (ဃ) အစည်းအဝေးဗီဇာများအတွက် ဝန်ဆောင်မှုများကို ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၂၆ ရက်မှ ပြန်လည်စတင်ရန် ဆုံးဖြတ်လိုက်ကြောင်းနှင့်  အရေးပေါ်အခြေအနေများကို သံတမန်ရေးရာနှင့် ကောင်စစ်ဝန်ချုပ်ရုံးတို့က ဆက်လက်ကိုင်တွယ်ဖြေရှင်းသွားမည်ဖြစ်ကြောင်း ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required