နွေဦးတော်လှန်ရေးနေ့စဉ် မှတ်စု (၂၅ အောက်တိုဘာ၂၀၂၃) 

နွေဦးတော်လှန်ရေးနေ့စဉ် မှတ်စု (၂၅ အောက်တိုဘာ၂၀၂၃) 

အမျိုးသားညီညွတ်ရေးအစိုးရ 

  • ကချင်ပြည်နယ်၊ မိုးမောင်မြို့နယ်ရှိ အောင်ဂျာ စခန်းသိမ်း တိုက်ပွဲတွင် PDF တပ်ရင်း တစ်ရင်းစာ တပ်ဆင်နိုင်သည့် လက်နက်များ သိမ်းဆည်းရရှိထားကြောင်း ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က သူ၏ လူမှုကွန်ရက်စာမျက်နှာတွင် ရေသားထားသည်။ 

  • အမျိုးသားညီညွတ်ရေးအစိုးရ NUG နှင့် တိုင်းရင်းသား မဟာမိတ်အဖွဲ့များအကြား စစ်ရေးအရ စစ်ရေးအရ ပူးပေါင်းဆောက်ရွက်မှုများ တိုးမြှင့်ရေးနှင့် နှင့် နိုင်ငံရေးအရ ပိုမိုပေါင်း စည်းနိုင်ရေး အထူးလိုအပ်အကြောင်း NUG ယာယီသမ္မတ ဒူဝါလရှီးလက တိုက်တွန်းပြောဆိုသည်။ 

  • ဒီမိုကရေစီအခြေခံတဲ့ စည်းလုံးညီညွတ်တဲ့ ဖက်ဒရယ် မဟာမိတ်ပူးပေါင်းမှုများကို အတူတကွ ဖော်ဆောင်ပြီး နယ်မြေထိန်းချုပ်မှုကို ချဲ့ထွင်မည်ဟု  NUCC ၊ NUG ၊ EROs နှင့် နွေဦးတော် လှန်ရေး အင်အားစုများ စုပေါင်းပြီး ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများနှင့် ဥရောပသမဂ္ဂထံကို ပေးပို့သည့် ပရာ့ဂ်မေတ္တာရပ်ခံချက်မှာ ထည့်သွင်းဖော်ပြထားသည်။ 

  • ယနေ့ကျရောက်သည့် ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ဖွဲ့စည်းတည်ထောင်ခြင်း (၆၃) နှစ်မြောက်နေ့ သို့ အမျိုးသားညီညွတ်ရေးအစိုးရက သဝဏ်လွှာပေးပို့လိုက်ကြောင်း သိရသည်။ 

  • အမျိုးသားညီညွတ်ရေးအစိုးရ ၊ ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန ၊ ပြည်သူ့ရဲတပ်ဖွဲ့ နှင့် စစ်ကိုင်း၊မကွေး ပြည်သူ့လုံခြုံရေးအဖွဲ့များ တွေ့ဆုံဆွေးနွေးပွဲအမှတ်စဉ် (၄၂/၂၀၂၃)ကို အောက်တိုဘာလ ၂၄ ရက် မနက် ၁၀ နာရီမှာ ပြုလုပ်ခဲ့ကြသည်။ 

  • အမျိုးသားညီညွတ်ရေးအစိုးရ အဖွဲ့ဝင်များပါဝင်သည့် တောင်းဟောလ်မီတင် (Town Hall Meeting) ကို အောက်တိုဘာ ၂၈ ရက်မှာ ကနေဒါနိုင်ငံ ၊ တိုရွန်တိုမြို့ ၊ ဂျော့ချ်လမ်းအတွင်း ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။ 

  • ကရင်နီပြည်နယ် အသွင်ကူးပြောင်းရေးကာလ ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲရေးကော်မတီ ဖွဲ့စည်းလိုက်ကြောင်း သိရသည်။ 

တော်လှန်ရေး လှုပ်ရှားမှုများ 

  • စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်တောင်ခြမ်းတွင် စစ်ကောင်စီတပ်က စစ်ကြောင်းထိုးနေသည့် အတွက် ဒေသခံ ၄,၀၀၀ ခန့်မှာ အောက်တိုဘာလ ၂၁ ရက်နေ့မှစကာ နေရပ်စွန့်ခွာပြီး မိုးထဲလေထဲ စစ် ရှောင်နေရကြောင်း သိရသည်။ 

  • တန့်ဆည်မြို့တွင် စစ်ကောင်စီတပ်မှအရာရှိအချို့အပါအဝင် ၂၀ ​ကျော် သေဆုံးခဲ့သည့် တိုက်ပွဲအပြီး တစ်လခန့်အကြာတွင် စစ်ကောင်စီတပ်နှင့် ပျူစောထီးပူးပေါင်းစစ်ကြောင်း ပြန်ဝင်လာ၍ ဒေသခံ များ ဘေးလွတ်ရာထွက်‌​ပြေးတိမ်းရှောင်နေကြရကြောင်း ​ဒေသခံအချို့နှင့် ပျူများက​ပြောသည်။ 

  • စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ကွန်ဆိ​ပ်ကျေးရွာတွင် ဒေသတွင်း PDFအဖွဲ့တစ်ဖွဲ့၏ လက်နက်ခဲ ယမ်းများ သိမ်းဆည်းခံရပြီး အဆိုပါ စစ်ကောင်စီတပ်အား ဒေသတွင်း PDF ပူးပေါင်းအဖွဲ့က လိုက်လံတိုက်ခိုက်ခဲ့ကြောင်း သတင်းရရှိသည်။ 

  • မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း အတိုက်အခံများအပေါ် ရက်စက် ညှဉ်းပန်း မှုများ အပါအဝင် ရာဇဝတ်မှုများကို ဗြောင်ကျကျနှင့်နေရာအနှံ့ ကျုးလွန်လာ တာတွေ့ရ အကြောင်း ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သည့် စုံစမ်းစစ်ဆေးမှုအဖွဲ့ IIMM က ပြောဆိုသည်။ 

  • အာဆီယံအဖွဲ့ဝင် ဖိလစ်ပိုင်နိုင်ငံတွင် မင်းအောင်လှိုင် အပါအဝင် စစ်ကောင်စီအဖွဲ့ဝင် ၁၀ ဦးကို စစ်ရာဇဝတ်မှုဖြင့် အမှုဖွင့် တရားစွဲဆိုရန် လျှေက်ထားလိုက်ကြောင်း Chin Human Rights Organizationက တရားဝင် သတင်းထုတ်ပြန်သည်။ 

  • တနင်္သာရီတိုင်း၊ မြိတ်မြို့တွင် ညဉ့်နက်ပိုင်းအချိန် သွားလာနေသူများကို စစ်ကောင်စီလက် အောက်ခံ ရဲတပ်ဖွဲ့က စောင့်ဆိုင်းဖမ်းဆီးပြီး ငွေညှစ်နေကြောင်း မြို့ခံများထံမှ သိရသည်။ 

  • တနင်္သာရီတိုင်း ရေဖြူမြို့နယ်တွင် ကျေးရွာများသို့ စစ်ကြောင်းထိုးနေသော စစ်ကောင်စီတပ်ကို တစ်ရက်တည်း နှစ်ကြိမ်တိုက်ခိုက်ခဲ့ကြောင်း ထား ဝယ်ခရိုင် တပ်ရင်း(၁)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ 

  • မြန်မာတွင် လူ့အခွင့်အရေးနှင့် လူသားချင်းစာနာမှု အကျပ်အတည်း ပိုမိုကြီးမားလာစဉ် ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံများအနေဖြင့် စစ်ကောင်စီ အားနည်းသွားစေရေးအတွက် အရေးယူဆောင်ရွက်မှုများ ကို တိုးမြှင့် ချိတ်ဆက်ညှိနှိုင်းလုပ်ဆောင်ကြရန် မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေဆိုင်ရာ ကုလ အထူးအစီရင်ခံစာ တင်သွင်းသူ တွန် အန်ဒရူးစ်က တိုက်တွန်း ပြောကြားသည်။ 

  • မန္တလေးတိုင်း၊ စဥ့်ကူးမြို့နယ်တွင် တစ်ပတ်အတွင်း စစ်ကောင်စီခန့်အုပ်ချူပ်ရေးမှူး နှစ်ဦး အသတ်ခံရကြောင်း သတင်းရရှိသည်။ 

  • မကွေးတိုင်း၊ ပေါက်မြို့နယ် ၊မြို့ပေါ် အောင်ချမ်းသာရပ်ကွက်ရှိ နေအိမ်များတွင် နေထိုင်နေသော စစ်သားများနှင့် ပျူစောထီးများကို တိုက်ခိုက်ရာ လက်နက် ၁ လက်နှင့် ကျည်များ သိမ်းဆည်း ရရှိကြောင်း မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ သိရသည်။ 

တိုင်းရင်းသား လက်နက်ကိုင်များ  

  • KIA စစ်ဦးစီးချုပ်က တော်လှန်ရေး တပ်ဖွဲ့များ လက်တွဲ၍ စစ်အာဏာရှင်စနစ် အပြီးတိုင်ချုပ်ငြိမ်း ရေး တိုက်ပွဲတွင် အတူတကွ လက်တွဲ တိုက်ပွဲဝင်သွားကြရန် တိုက်တွန်း​ကြောင်း အောက်တိုဘာလ ၂၂ ရက်နေ့ တော်လှန်ရေး တပ်ဖွဲ့ဝင်များထံ ပေးပို့သော ဂုဏ်ပြု မှတ်တမ်းတင်စာ၌ ထည့်သွင်းပြော ဆိုထားသည်။ 

  • KNU တပ်မဟာ ၅နယ်မြေအတွင်းက ပြည်သူပိုင်ပစ္စည်းများကို အကြမ်းဖက် စစ်ကောင်စီတပ်၏ ရှေ့တန်းစစ်မြေပြင် တပ်သားများက အဓမ္မလုယက်နေကြောင်း KNU- Mutraw News က ယမန်နေ့ က ထုတ်ပြန်သည်။ 

  • ကချင်လွတ်လပ်ရေးတပ်မတော်(KIA)က သိမ်းပိုက်ထားသည့် အောင်ဂျာစစ်တပ်စခန်း ရှေ့တန်းစစ်မြေပြင်သို့ KIO ဒုဥက္ကဋ္ဌ ဒုဗိုလ်ချုပ်ကြီး ဂွမ်မော် သွားရောက်ခဲ့ခြင်းကို ကချင်လူထုနှင့် တော်လှန် ရေးအင်အားစုများက အားပေးထောက်ခံကြကြောင်း သိရသည်။ 

  • အကြမ်းဖက် စစ်ကောင်စီကြောင့် နိုင်ငံပျက်စီးရာ ဦးတည်နေပြီး တစ်နိုင်ငံလုံး အကျပ်အတည်းများ ရင်ဆိုင်နေရပြီး စစ်အာဏာရှင် ချေမှုန်းရေး တော်လှန်ရေးအဖွဲ့များအားလုံးနှင့်လက်တွဲမည်ဟု KIO ဥက္ကဋ္ဌဗိုလ်ချုပ်ကြီးအင်ဘန်လ ပြောဆိုသည်။ 

  • ချင်းပြည်နယ် မင်းတပ်မြို့ပေါ်တွင် ယမန်နေ့ညပိုင်းက မင်းတပ် ချင်းကာကွယ်ရေးတပ်(CDF)နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ဒေသခံသတင်းရင်းမြစ်က ပြောသည်။ 

စစ်ကောင်စီ 

  • ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ အခြေစိုက် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ကိုကိုမောင် ကို စစ်ခုံရုံးက ထောင်ဒဏ် ၁၀ နှစ်ချမှတ်လိုက်ကြောင်း ပြည်သူ့ပန်းတိုင် - People's Goalက တပ်တွင်းသတင်းရင်းမြစ်များကို ကိုးကား၍ သတင်းဖော်ပြသည်။ 

  • ရန်ကုန်ရှိ ရပ်ကွက်အချို့တွင် စစ်ကောင်စီလက်အောက်ခံ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်များက ရပ်ကွက်လူမိုက်များဖြင့် ပြည်သူ့လုံခြုံရေးအဖွဲ့ ဖွဲ့စည်းထားကြောင်း မြေပြင်ကင်းထောက်များထံက တဆင့် သိရသည်။ 

  • နယ်စပ်ဒေသအခြေပြု online လိမ်လည်မှုများ၌ စစ်ကောင်စီက ထဲထဲဝင်ဝင်ပါဝင်ပတ်သက်နေ‌ ကြောင်းအမျိုးသားညီညွတ်ရေးအစိုးရက ထုတ်ပြန်ပြီးနောက် ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်အဖွဲ့ SHRF ကလည်း စစ်ကောင်စီနှင့် အွန်လိုင်း​လောင်းကစားလုပ်ငန်းများ ပတ်သက်မှုကို ထပ်မံ အသိပေးချက် ထုတ်ပြန်လာသည်။ 

  • ပြပွဲတွင် ကျောက်စိမ်းအတွဲပေါင်း ၄၀၄၅ တွဲကို နေ့ရက်အလိုက် အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချ ခြင်းဖြစ်ပြီး အောက်တိုဘာ ၂၄ ရက်က ကျောက်စိမ်းအတွဲ ၇၅၀ ကို ပြည်တွင်း၊ ပြည်ပရတနာ ကုန်သည်များအား အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချပေးခဲ့ရာကျောက်စိမ်း အတွဲပေါင်း ၇၀၂ တွဲ ရောင်းချရကြောင်း စစ်ကောင်စီက ထုတ်ပြန်သည်။ 

အောက်တိုဘာ ၂၅ ရက် သုံးသပ်ချက် 

  • NUG အပါအဝင်တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များ၏ စုဖွဲ့မှုကောင်းကောင်းဖြင့် တိုက်ပွဲများ ဖော်ဆောင်လာသည်ကိုတွေ့ရပြီး ကာကွယ်ရေးဝန်ကြီးမှ မဟာဗျူဟာ ကနဦးထိုးစစ်ဟု ပြောဆို ထားခြင်းကြောင့် စခန်းသိမ်းတိုက်ပွဲကြီးများ ထပ်မံဖြစ်ပွားလာဖွယ် ရှိနေသည်။ 

  • စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း အတိုက်အခံများအပေါ် ရက်စက် ညှဉ်းပန်း မှုများ အပါအဝင် ရာဇဝတ်မှုများကို ဗြောင်ကျကျနှင့်နေရာအနှံ့ ကျုးလွန်လာသည် ကုလကပြောဆိုထားသည့်အပြင် ချင်းလူ့အဖွဲ့အစည်းကလည်း စစ်ကောင်စီကို အာဆီယံနိုင်ငံ ဖိလစ်ပိုင်တွင် တရားစွဲလိုက်ခြင်းကြောင့် စစ်ကောင်စီအနေဖြင့် နိုင်ငံတကာတွင် ပိုမိုကျပ်တည်း လာမည်ဖြစ်သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required