ခရီးသည်တင် ယာဥ် ချောက်ထဲကျ၍ ကလေးငယ် အပါ  ၉ဦး ဒဏ်ရာရ

By 008 (မဇ္ဈိမ)
22 October 2023
ခရီးသည်တင် ယာဥ် ချောက်ထဲကျ၍ ကလေးငယ် အပါ  ၉ဦး ဒဏ်ရာရ
အညွှန်း - စေတနာမွန် လူမှုကူညီရေး(အုန်းချော)

ပခုက္ကူ၊ မန္တလေး၊ ပြင်ဦးလွင် ပြေးဆွဲနေသည့် ခရီးသည်တင်ယာဥ်တစီး  ယနေ့ အောက်တိုဘာ ၂၂ရက် နံနက် ၂နာရီက မန္တလေး-ပြင်ဦးလွင် လမ်းပိုင်းတွင် ချောက်ထဲထိုးကျသွား
ရာ ကလေးငယ်တဦး အပါအဝင် ကိုးဦး ထိခိုက်ဒဏ်ရာရရှိသွားကြောင်း သိရသည်။

မန္တလေးတိုင်း၊ မန္တလေး-ပြင်ဦးလွင် လမ်းပိုင်း ၁၈/၁မိုင်တွင် ကားဘရိတ်ပေါက်ပြီး ပေ ၅၀ခန့်နက်သည့် ချောက်ထဲသို့ ထိုးကျသွားခြင်းဖြစ်ပြီး ကလေးတဦးအပါအဝင် အမျိုးသား နှစ်ဦး၊အမျိုးသမီး ခုနစ်ဦးတို့ထိခိုက်ဒဏ်ရာများရရှိသွားခြင်းဖြစ်သည်။

"သေတာတော့မရှိပါဘူး။ကျွန်တော်တို့လည်း သိတာနဲ့ ကယ်ဆယ်ရေးတန်းထွက်၊ ဒဏ်ရာရတဲ့သူတွေကို အပေါ်တင်ပြီး လိုအပ်တာတွေ ပြုစုပေးတယ်။ထိုးကျသွားတဲ့ကားက အန်စာတုန်းကားပါ"ဟု လူမှုကယ်ဆယ်ရေးအဖွဲ့ဝင် တဦးကပြောသည်။

ဒဏ်ရာရရှိသူများကို ပရဟိတ လူနာတင်ယာဥ်‌‌ေလး စီးဖြင့် မန္တလေးဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်းသိရသည်။

စာတည်း။ ။အောင်ကျော်ဖြိုး
#Mizzima
#မြန်မာသတင်း
#ချောက်ထဲထိုးကျ
#ယာဉ်မတော်တဆမှု

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required