ဒဏ်ရာရပြီးနောက် သြစတြေးလျအိုးပင်းမှာ ပြန်ကစားနိုင်ဖွယ်ရှိတဲ့ နဒါးလ်

By မဇ္ဈိမ 
12 October 2023
ဒဏ်ရာရပြီးနောက် သြစတြေးလျအိုးပင်းမှာ ပြန်ကစားနိုင်ဖွယ်ရှိတဲ့ နဒါးလ်

ရာဖေးလ် နဒါးလ်ဟာ ဇန်နဝါရီမှာ ကျင်းပမယ့် သြစတြေးလျအိုးပင်းမှာ ဂရင်းစလင်းပြိုင်ပွဲသို့ ပြန်လည်ပါဝင်လာမှာဖြစ်ကြောင်း ပြိုင်ပွဲဒါရိုက်တာ Craig Tiley က ဗုဒ္ဓဟူးနေ့မှာ ပြောကြားပြီး စပိန်တင်းနစ်သမားရဲ့ နှုတ်ဆက်ပွဲက မဲလ်ဘုန်းမြို့မှာ သေချာပေါက်နီးပါးဖြစ်လာမှာဖြစ်ပါတယ်။

 

နဒါးလ်က သူ့အပေါ်  သူတို့ရဲ့ "ယုံကြည်မှု"အတွက် ပြိုင်ပွဲကို ကျေးဇူးတင်ကြောင်း ပြန်လည်တုံ့ပြန်ခဲ့ငြားလည်း သူ ကစားနိုင်မလားဆိုတာ အတည်မပြုနိုင်သေးပါဘူး။

 

အဓိကဆုဖလား ၂၂ ကြိမ်ရ နဒါးလ်ဟာ ဒီနှစ် ဇန်နဝါရီလက သြစတြေးလျအိုးပင်းမှာ တင်ပါးဒဏ်ရာကြောင့် အမေရိကန်တင်းနစ်ကစားသမား မက်ကင်ဇီ မက်ဒေါ်နယ်ကို ဒုတိယအဆင့်မှာ ရှုံးပြီးကတည်းက မကစားနိုင်ခဲ့တာပါ။

 

အသက် ၃၇ နှစ်ရှိပြီဖြစ်တဲ့ စပိန်တင်းနစ်ကစားသမားဟာ သူ့ရဲ့ကြာရှည်စွာ ပြန်လည်ထူထောင်ရေးကာလအတွင်း ခွဲစိတ်မှု နှစ်ကြိမ်ပြုလုပ်ခဲ့ပြီး သူဟာ ၂၀၂၄ မှာ သူ့ရဲ့ ကစားသမားဘဝကို အဆုံးသတ်ဖို့ ရည်မှန်းထားကြောင်း ပြီးခဲ့တဲ့လက ပြောပါတယ်။

 

"ကျနော်တို့ရဲ့ ၂၀၂၂ ချန်ပီယံ ရာဖေးလ် နဒါးလ်က ဒီနှစ်မှာ အချိန်အများစု ပြန်လည်ကုသဖို့ အတော်ကိုးစားနေရပါတယ်"လို့ ဒီနှစ်သဘောကျဆုံး သြဇီတင်းနစ်သမား နစ်ခ် ကိုင်ဂျီရော့စ်ကို ဒဏ်ရာမှ ပြန်လာဖို့ မျှော်လင့်နေသူ Tiley က ပြောပါတယ်။

 

“သူ (နဒါးလ်) က မဲလ်ဘုန်းကို အမြဲတမ်း သူ့ရဲ့အကောင်းဆုံးကို ဆောင်ကျဉ်းပေးနေပြီး သူ ဘယ်လောက်ကြိုးစား ပြိုင်ဆိုင်သလဲဆိုတာ ဘယ်သူကမှ သံသယ မရှိပါဘူး။

 

"ကျနော် သူ့အဖွဲ့နဲ့ အဆက်အသွယ်ရပါတယ်။ အခု သူ တင်းနစ်ကွင်းကို ပြန်လာပြီး ဇန်နဝါရီမှာ မဲလ်ဘုန်းကို ပြန်လာဖို့ မျှော်လင့်နေပါတယ်။"

 

နဒါးလ်ဟာ ဒဏ်ရာပြဿနာမှ ပြန်လည်ကောင်းမွန်လာမှုအတွက် သီးခြားရက်တွေကို သတ်မှတ်ဖို့ ငြင်းဆိုထားပါတယ်။

 

"သြစတြေးလျအိုးပင်းပြိုင်ပွဲမှာ ယုံကြည်စိတ်ချမှုရဲ့ အားပေးမှုကို ကျနော် လေးစားပါတယ်... ကျနော် နေ့တိုင်းလေ့ကျင့်နေပြီး အမြန်ဆုံးပြန်လာဖို့ ကြိုးစားနေပါတယ်"လို့ နဒါးလ်က X (အရင် Twitter)မှာ ရေးသားခဲ့ပါတယ်။

 

နဒါးလ်ရဲ့ အလွန်အမင်း မျှော်လင့်ထားတဲ့ ပြန်လာမှုဟာ မဲဘုန်းမှာ လက်ရှိချန်ပီယံနဲ့  ဆုဖလား ၁၀ ကြိမ်ဆွတ်ခူးထားသူ နိုဗက် ဂျိုကိုဗစ်ရဲ့ လွှမ်းမိုးမှုကို စိန်ခေါ်ဖို့ ပွဲစီစဉ်သူတွေက မျှော်လင့်နေမှာဖြစ်ပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required