ဘုန်းကြီးကျောင်းအနီး တပ်စွဲနေသည့် စစ်ကောင်စီတပ်သားများကို ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်၊  ၃ဦးပြင်းထန်ဒဏ်ရာရ

By သွင်ထူးဈာန် (မဇ္ဈိမ)
08 October 2023
ဘုန်းကြီးကျောင်းအနီး တပ်စွဲနေသည့် စစ်ကောင်စီတပ်သားများကို ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်၊  ၃ဦးပြင်းထန်ဒဏ်ရာရ

ကရင်ပြည်နယ်၊  ကော့ကရိတ်ခရိုင်၊ ဝင်းကြီးကျေးရွာ ဘုန်းကြီးကျောင်းအနီးတွင် ခေတ္တတပ်စွဲထားသည့် စစ်ကောင်စီတပ်ကို ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ရာ စစ်ကောင်စီတပ်သား သုံးဦး ပြင်းထန်ဒဏ်ရာ ရသွားကြောင်း သိရသည်။

 KLOUD၊ ANGRY BIRD DRONE RANGERနှင့်POWE OF ABABIL ပူးပေါင်းဒရုန်းအဖွဲ့မှ အောက်တိုဘာလ ၆ ရက် နေ့လယ် ၃ နာရီ ၅၅ မိနစ်ခန့်တွင် ဗုံးနှစ်လုံးဖြင့်တိုက်ခိုက်ခဲ့ကြောင်း Angry Bird Drone Rangerအဖွဲ့ တာဝန်ရှိသူထံက သိရသည်။ 

 " လေယာဥ်တစီးကို ဗုံးတလုံးနဲ့ နှစ်ကြိမ်တိုက်ခိုက်တယ်။  ဗုံးအမျိုးအစားက လက်လုပ်ပါ။  1 Kg ရှိပါတယ်။  လက်နက်ကြီး ကျည် ၆၀ မမ ပြင်းအား နီးပါးရှိတယ်"ဟု ANGRY BIRD DRONE RANGERအဖွဲ့ တာဝန်ရှိသူက ပြောသည်။  

အဆိုပါတိုက်ခိုက်မှုတွင်  SHAR HTOO WAW  ဒရုန်း နည်းပညာ(မောင်းသူမဲ့​ လေယာဥ်ငယ်များ) အသုံးပြုခဲ့ကြောင်း သိရသည်။ စစ်တပ် အာဏာသိမ်းပြီး သုံးနှစ်နီးပါးကာလအတွင်း တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက ဒရုန်းနည်းပညာကို အဆင့်မြင့်တင်ကာ တိုက်ခိုက်မှု ပိုမိုလုပ်ဆောင်နိုင်ခဲ့သည်။

စာတည်း။ ။အောင်ကျော်ဖြိုး
#Mizzima
#ဒရုန်း
#ကော့ကရိတ်ခရိုင်
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required