သုံးဆယ်ပေးကျေးရွာရှိ ပျူ စခန်းကိုဒေသကာကွယ်ရေးတပ်ဖွဲ့များတိုက်ခိုက်

By MTO(မဇ္ဈိမ)
07 October 2023
သုံးဆယ်ပေးကျေးရွာရှိ ပျူ စခန်းကိုဒေသကာကွယ်ရေးတပ်ဖွဲ့များတိုက်ခိုက်

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ သုံးဆယ်ပေးကျေးရွာတွင် ရှိသည့် ပျူစောထီးစခန်းကို ဒေသကာကွယ်ရေး တပ်ဖွဲ့ များက ပူးပေါင်းတိုက်ခိုက်ခဲ့ရာ ပျူနှင့် စစ်ကောင်စီတပ်ဖွဲ့ ဝင်များ သေဆုံးမှုရှိကြောင်း မတ္တရာ မြို့ နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံက သိရသည်။

အောက်တိုဘာလ ၅ ရက်နေ့ မနက်ပိုင်းတွင် ဒရုန်းဖြင့် ဗုံးသီးကြဲချတိုက်ခိုက်ပြီးနောက်  သုံးဆယ်ပေရွာအတွင်းရှိ စခန်းကို အနီးကပ်ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း မတ္တရာမြို့နယ် ပကဖ မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

၎င်းက “ပထမ ဒရုန်းနဲ့တိုက်ခိုက်ချိန်မှာ ထိခိုက်ဒဏ်ရာရတဲ့သူတွေကို ကားလေး စီးနဲ့ မန်းလေးနန်းတွင်း ကို ပို့တာ အဲ့အချိန်မှာ ကျတော်တို့ပူးပေါင်းအဖွဲ့တွေက စကစ နဲ့ ပျူတွေ ပေါင်းထိုင်ထားတဲ့ သုံးဆယ် ပေးရွာထဲက စခန်းကို မီတာ ၁၀၀ အနီးထိ ကပ်ပြီးတိုက်ခိုက်ခဲ့တာ အဲ့မှာ ကျဆုံးတာတွေကို မျက်မြင် တွေ့ ရတာတွေလည်းရှိတယ်။ နောက်ပိုင်းတပ်တွင်း သတင်းအရ အယောက် ၂၀ လောက်အထိ သေ တယ်လို့ ကြားတယ်” ဟုပြောသည်။

မီတာ ၁၀၀ အကွာအဝေးအထိ အနီးကပ်တိုက်ခိုက်ခဲ့သော်လည်း စခန်းသိမ်းနိုင်သည်အထိအနေအထား မရှိခဲ့ကြောင်း မတ္တရာမြို့နယ် ပကဖ တာဝန်ရှိသူတစ်ဦး က ပြောသည်။

၎င်းက “ နေ့ခင်းကြီးဆိုတော့ သူတို့က အဲ့လောက်အထိ အနီးကပ်တက်မလာဘူးထင်ပြီး ပေါ့နေတာ ထင်တယ်။  ကျွန်တော် ဝင်စီးနင်းပစ်ခတ်ချိန်မှာ သူတို့ သိပ်တောင်ပြန် မပစ်နိုင်ဘူး ။ ကျွန်တော်တို့ဘက် မှာတော့ လုံး၀ အထိအခိုက်မရှိပါဘူး” ဟုပြောသည်။

သုံးဆယ်ပေးကျေးရွာတွင် စစ်ကောင်စီတပ်ဖွဲ့ ဝင်နှင့် ပျူစောထီး ပူးပေါင်း အင်အား  ၇၀ နီးပါးရှိပြီး အနီး အနား ကျေးရွာများကို  ဒုက္ခပေးခြင်း၊ ထို ရွာကိုဖြတ်သန်းသွားလာမည် ဆိုပါက  ဝင်ထွက်၊ခွင့်ကတ်ပြား လိုအပ်ပြီး ထိုကတ် အတွက် ပိုက်ဆံ ပေးလုပ်ရခြင်းများရှိကြောင်း  ဒေသခံများထံက သိရသည်။

ယခုတိုက်ခိုက်မှုကို မတ္တရာမြို့နယ်၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)၊ ပုသိမ်ကြီးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)၊ ကောင်းကင်တော်လှန်ရေးအင်အားစုနှင့်ရွှေဘိုခရိုင်ရင်း (၁၅)Eagle Guerilla Force စသည့်မဟာမိတ်အဖွဲ့များ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။

စာတည်း။ ။ အောင်ကျော်ဖြိုး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required