အာဏာသိမ်းကာလအတွင်း  စစ်ကောင်စီလက်ချက်ကြောင့် ဆရာ၊ ဆရာမ ၄၀ နီးပါး သေဆုံး (ရုပ်/သံ) 

By မိုးသောက် (မဇ္ဈိမ)
05 October 2023
အာဏာသိမ်းကာလအတွင်း  စစ်ကောင်စီလက်ချက်ကြောင့် ဆရာ၊ ဆရာမ ၄၀ နီးပါး သေဆုံး (ရုပ်/သံ) 

စစ်အာဏာသိမ်း ကာလအတွင်း စစ်ကောင်စီလက်ချက်ကြောင့် အသက်သေဆုံးသွားတဲ့ ဆရာ၊ ဆရာမ ၃၈ ဦး ရှိတယ်လို့ နိုင်ငံရေးအကျဉ်းသား များကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်တဲ့ စာရင်းတွေအရ သိရပါတယ်။

ဆရာ၊ ဆရာမ အများအပြား စစ်အာဏာသိမ်းမှုကို လက်မခံဘဲ  အကြမ်းမဖက်လူထူလှုပ်ရှားမှု CDM ပြုလုပ်ခဲ့ကြတာကြောင့် စစ်ကောင်စီလက်ထက်မှာ ပညာရေး အကြပ်အတည်းနဲ့ ကြုံတွေ့နေရတာပါ။

 ဒါကြောင့် CDM ကျောင်းဆရာ၊ ဆရာမတွေဟာ စစ်ကောင်စီရဲ့ ပစ်မှတ်ထား ဖမ်းဆီးသတ်ဖြတ်မှုတွေနဲ့ ကြုံတွေ့နေကြရတယ်လို့ CDM အသိုင်းအဝိုင်းက ပြောပါတယ်။

တည်းဖြတ်/တင်ဆက် = မိုးသောက် 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required